DVB Logo
Home
မြန်မာသတင်း
သြဂုတ်လအတွင်း လူပေါင်း ၅သောင်းခန့် အလုပ်အကိုင်ရရှိ
DVB
·
September 11, 2018
သြဂုတ်လအတွင်း လူပေါင်း ၅သောင်းခန့် အလုပ်အကိုင်ရရှိ
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မြန်မာနိုင်ငံက လူပေါင်း ၅၀,၀၀၀လောက် ပြည်တွင်းနဲ့ ပြည်ပမှာ  အလုပ်အကိုင်ရရှိခဲ့ကြတယ်လို့ အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပေ မယ့် ပြည်တွင်းမှာ လူပေါင်း ၂၄,၀၀၀ ကျော်နဲ့  ပြည်ပကိုထွက်ပြီး အလုပ်ရရှိသူပေါင်း ၂၄,၀၀၀ ကျော် ဖြစ်တာကြောင့် အရေအတွက် အတူတူလောက်ဖြစ်နေတာကို တွေ့ရပါတယ်။

သြဂုတ်လထဲမှာ ပြည်ထောင်စုနယ်မြေ၊ တိုင်းနဲ့ ပြည်နယ်အလိုက် အလုပ်ရရှိမှု အခြေအနေဟာ အစိုးရ အလုပ်ရရှိသူ ၆၃၄ ယောက်ဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းတွေမှာ အလုပ်ရသူကတော့ ၂၃,၅၅၆ ယောက် ဖြစ်လို့  အစိုးရအလုပ်မှာထက် ၃၇ ဆကျော် ပိုများကာ စုစုပေါင်း ၂၄,၁၉ဝ ယောက် အလုပ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပမှာ အလုပ်ရရှိသူပေါင်းကတော့ ၂၄၁၅၇ ယောက်ဖြစ်ပါတယ်။ ဒီအထဲမှာ  ထိုင်းနိုင်ငံမှာ အလုပ်ရသူက အများဆုံးဖြစ်ပြီး ၁၉၇၂၁ ယောက်၊ မလေးရှားမှာ ဒုတိယအများဆုံး အလုပ်ရရှိပြီး ၃၃၁ဝ ယောက် ဖြစ်ပါတယ်။

တခြားနိုင်ငံတွေကတော့ ဂျပန်နိုင်ငံကို ၅၄၅ ယောက်၊ ကိုရီးယားနိုင်ငံကို ၄၉၉ ယောက်၊ စင်ကာပူနိုင်ငံကို ၆၈ ယောက်၊ ယူအေအီးကို ၄ ယောက်၊ ကာတာနိုင်ငံကို ၃ ယောက်နဲ့ ဂျော်ဒန် နိုင်ငံကို ၇ ယောက် စေလွှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အလုပ်လက်မဲ့ဖြစ်ရသူ အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အစိုးရ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။

အလုပ်သမားတွေ အလုပ်ရရှိဖို့၊ အလုပ်ရှင်တွေအတွက်လည်း အလုပ်သမား လုံလုံ လောက်လောက် ခန့်အပ်ထားရှိနိုင်ဖို့အတွက် အလုပ်အကိုင်နဲ့ အလုပ်သမား ရှာဖွေရေး ရုံးတွေမှာ Labour Exchange Management System နဲ့  Online ကနေ ဆောင်ရွက်ပေးနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013