DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလုပ်ငန်းသို့ မြန်မာလုပ်သားများစေလွှတ်ရန် One Stop Centre များ ဖွင့်လှစ်မည်
DVB
·
September 11, 2018
ထိုင်းငါးဖမ်းလုပ်ငန်းသို့ မြန်မာလုပ်သားများစေလွှတ်ရန် One Stop Centre များ ဖွင့်လှစ်မည်
Donate to DVB

ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေကို မြန်မာလုပ်သားတွေ တရားဝင် စေလွှတ်ဖို့ ကော့ သောင်းနဲ့ ရနောင်းမှာ One Stop Centre နှစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားဖို့  အလုပ်သမားဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံမှာ ရေလုပ်သားလိုအပ်ချက်မြင့်မားနေတဲ့အတွက် မြန်မာရေလုပ်သားတွေ စေလွှတ်ပေးဖို့ မြန်မာနဲ့ ထိုင်းအစိုးရ အကြိုသဘောတူစာချုပ် MOU ကို သြဂုတ်လအတွင်းက ရေးထိုးခဲ့တာပါ။

မြန်မာအလုပ်သမား ဝန်ကြီးဌာနက မြန်မာလုပ်သားတွေရဲ့အခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ မူဝါဒတွေရေးဆွဲထားပြီး ထိုင်းနိုင်ငံကို ရေလုပ်သားတွေ စေလွှတ်နိုင်ဖို့ စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံက ရေလုပ်ငန်းတွေကို မြန်မာအလုပ်သမားဝန်ကြီးဌာနက သွားရောက် လေ့လာခဲ့ပြီး ကော့သောင်းနဲ့ရနောင်းမြို့တွေမှာ One Stop Cetre တွေဖွင့်လှစ်ကာ မြန်မာရေလုပ်သားတွေ  ထိုင်းကိုသွားဖို့ ကူညီသွားမယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက ပြောပါတယ်။

ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်သား ၆၀,၀၀၀ လောက်လိုအပ်နေတယ်လို့ ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်ထားပြီး မြန်မာအစိုးရက အကူအညီပေးဖို့ ကမ်းလှမ်း ထားတာပါ။

မြန်မာအစိုးရကတော့ ရေလုပ်သား အသစ်တွေ ထပ်မံစေလွှတ်ဖို့ရှိတဲ့အပြင် ထိုင်းနိုင်ငံကို တရားမဝင်ရောက်ရှိနေတဲ့ ရေလုပ်သား ၃၅၀၀၀ ကျော်ကို တရားဝင်ဖြစ်အောင်ဆောင်ရွက်ေ ပးသွားဖို့လည်းစီစဉ်နေတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM ) ဆက်ဆံရေးအရာရှိ ဦးအောင်ကျော်သန်းက ပြောပါတယ်။

အရင်အစိုးရတွေလက်ထက်က မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံ ဒေသတွင်းနိုင်ငံတွေကို တရားမဝင်သွားရောက်ခဲ့တာတွေကြောင့် လူကုန်ကူးခံရမှုတွေနဲ့  လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

အခု ထိုင်းနိုင်ငံကိုသွားရောက်မယ့် လုပ်သားတွေကိုတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု မရှိအောင် မြန်မာအစိုးရက အကာအကွယ်တွေပေးနိုင်တော့မယ်လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013