DVB Logo
Home
မြန်မာသတင်း
ကေကေမိုး သီဆိုထားသည့် မိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
September 11, 2018
ကေကေမိုး သီဆိုထားသည့် မိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

“အချစ်ရဲ့ လိပ်ပြာလေးတွေ ပျံဝဲသွား… အကြင်နာ ရောင်စုံပန်းခင်းလေးတွေကြား … မေတ္တာဥယျာဉ်လေး… တို့စိုက်ပျိုးကြမယ်… သစ္စာပန်းတွေ အမြဲဝေစေဖို့အတွက်… အကြင်နာရေစင် ဖြန်းပက်ပေးပါလား… ပျော်စရာ မေတ္တာဥယျာဉ်လေး… မနက်ဖြန်များ စွာ လှပစေမယ်”
ဒါကတော့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းစာသားတွေဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ တေးရေးမြင့်မိုးအောင်က ရေးစပ်ပေးထားပြီး အဆိုတော် ကေကေမိုးက သီဆိုပေးထားတာ ဖြစ်ပါတယ်။

“အတူတူထိန်း သိမ်းစောင့်ရှောက်ကြ… မုန်တိုင်းကြမ်းများနဲ့ဖြတ် အန္တရာယ်တွေ တားဆီး ရှင်းလင်းထား… နှလုံးသားထဲက နားလည်မှုတရား… အမြဲတမ်းပေးစွမ်းထား… အခက်ခဲဆုံး များနဲ့ တွေ့ကြုံလာရင်… တို့လဲမသွားဖို့ရာ… ထာဝရအချစ်တို့ ပေးပါကွာ”
ဒီရုပ်ရှင်ကားကတော့ နိုင်ငံရေးနောက်ခံ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ကားတကားဖြစ် ပြီး စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ၀တ္ထုကို သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်က ရိုက်ကူး ပုံဖော်ပေးထားတာပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ အဖြစ်အပျက်တခုဖြစ်တဲ့ ရွှေဝါ ရောင်တော်လှန်ရေးအကြောင်းကိုလည်း ဒီရုပ်ရှင်ကားထဲမှာ ထည့်သွင်းရိုက်ကူးထားတာ မို့ ဒီကားဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ၀ါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦးတို့နဲ့အတူ တက်သစ်စ သရုပ်ဆောင် မင်းသားမင်းသ မီးတွေဖြစ်ကြတဲ့ ဟန်လင်းသန့်၊ မေမြင့်မိုရ်၊ နေအဉ္ဇရာတို့က အဓိက ဇာတ်ဆောင်တွေ အဖြစ် ပါဝင်ထားကြတာပါ။

“နားလည်မှုတွေ တနေ့မှာ ကုန်ဆုံးသွားရင်… ပူလောင်ဒဏ်ရာ နှလုံးသားများ အက်ကွဲ… ဒီအချိန် မေတ္တာဥယျာဉ်လေး… မီးတောက်ကြားမှာ ကျွမ်းလောင်မယ်”
အဆိုတော် ကေကေမိုးဟာ ကျမ၊ မောင်မငိုရဘူးနော် စတဲ့ ရုပ်ရှင်ဇာတ်ဝင်တေး တွေကို သီဆိုခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာဖြစ်ကာ ဒီသီချင်းထဲမှာတော့ ရုပ်ရှင်ကားထဲ က ဇာတ်ဝင်ခန်းပြကွက်တွေနဲ့အတူ သူ့ရဲ့ သီဆိုဟန်တွေကိုလည်း ရှုစား ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013