DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင်ဖြစ်ပွားသည့် ရောဂါအခြအနေထိန်းချုပ်နိုင်
DVB
·
September 11, 2018
နာဂဒေသတွင်ဖြစ်ပွားသည့် ရောဂါအခြအနေထိန်းချုပ်နိုင်
Donate to DVB

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ချောင်းဆိုး၊ အော့အန်ဖျားနာ၊ မျက်စိနီရောဂါဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်ပြီလို့ ဒေသခံ ဆရာဝန်ထံက သိရပါတယ်။

နန်းယွန်မြို့နယ်၊ ဒုံဟီးမြို့ ဒေသက လန်းပန်း၊ ရှန်ဟဲနုတ်ညို၊ ရှန်ဟဲပေါ်ကွန် စတဲ့ကျေးရွာတွေမှာ ရောက်ရှိ ဆေးကုသေပေးနေပြီး လတ်တလောမှာတော့ ရောဂါထိန်းချုပ်နိုင်ပြီလို့ ဒုံဟီတိုက်နယ်ဆရာဝန် ဒေါက်တာ စိုင်းဟန်မိန်းကပြောပါတယ်။

“အခုကနည်းနည်း ထိန်းချုပ်မှုတော့ရနေပြီပေါ့။ ဘာမှ ဆိုးဆိုးဝါးဝါးမရှိတော့ဘူး။ ကျနော့်လူတွေ ရောက်ပြီးတဲ့နောက်ပိုင်းမှာ အသေအပျောက် တယောက်မှမရှိသေးဘူး။ ဆေးရုံပေါ်ကိုလည်း လွှဲတဲ့ဟာတွေလည်း ကျနော်တို့ ရောက်သွားပြီးမှ မြို့နယ်ကိုဆက်လွှဲ ဆိုတော့ မြို့နယ်ပေါ်မှာလည်းရောက်သွားပြီး ကလေးနှစ် ယောက်ပေါ့။ ကောင်းတော့ ကောင်းသွားပြီ လို့ပြောတယ်။  အသေအပျောက်ကတော့ အရင်ကျနော်တို့ လက်လှမ်းမမှီခင် သတင်းမရခင်မှာဖြစ်သွားတဲ့ဟာကို။ ကျနော်တို့ သတင်းရရခြင်း ဒီကလူတွေ အဖွဲ့တွေ လွှတ်တဲ့အခါကျတော့ ဒီနောက်ပိုင်း သေဆုံးသူက မရှိတော့ဘူး။ အခုကလည်း ကျနော်တို့ ထိန်းချုပ်နိုင်ပြီ။”

ဆရာဝန်တွေမရောက်ခင် ရှန်ဟဲနုတ်ညိုကျေးရွာ အုပ်စု လန်းပန်းကျေးရွာမှာ သြဂုတ် ၂၅ ရက်နေ့က မောင်ယန်းတော့အသက် ၁ဝ၊ သြဂုတ် ၂၆ ရက်မှာ မနော်နဲ အသက် ၃နှစ်၊ သြဂုတ် ၂၈ ရက်နေ့က မတောနော အသက် ၂၈ နှစ်၊ စက်တင်ဘာ ၂ ရက်က မမီယော အသက် ၁ နှစ် ၄ လ နဲ့ ရှန်ဟဲပေါ်ကွန် ကျေးရွာမှ စက်တင်ဘာ ၇ ရက်မှာ မောင်ရွမ်းနောင် အသက် တစ်လ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရကြောင်း ဒီကနေ့ထုတ် အစိုးပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

အဆိုပါကျေးရွာတွေမှာ နှာရည်ယို၊ ချောင်းဆိုး၊ အော့အန်ဖျားနာခြင်း၊ မျက်စိနီတဲ့ ရောဂါလက္ခာတွေနဲ့ အခုလို သေဆုံးမှုတွေဖြစ်ပွားခဲ့ရတာဖြစ်ပြီး ဒေါက်တာ စိုင်းဟန်မိန်းကတော့ ဒီရောဂါဟာ သာမန် နာစေးချောင်းဆိုးရောဂါဖြစ်ပြီး ဒေသခံတွေကတော့ ခံနိုင်ရည်မရှိတဲ့အတွက် အခုလိုဆိုးဝါးစွာ ခံစားရတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက ရာသီတုပ်ကွေးပေါ့လေ။ ကိုယ်ခံအားလည်း မကောင်း၊ အစားအသောက်လည်း မကောင်းတဲ့အခါကျတော့လေ ခံနိုင်အားမရှိတဲ့အခါကျတော့ နှာစေးချောင်းဆိုး အဲဒါပါပဲ။ အဲဒါကို သူတို့က အစားအသောက်ကလည်းမရှိ၊ အဟာရကလည်းမရှိဆိုတော့ ကိုယ်ခံအားမကောင်း၊ ခံနိုင်ရည်ကလည်းမရှိဆိုတော့ နည်းနည်းဆိုရင် သူတို့က မခံနိုင်ကြဘူးလေ။  ”

နာဂဒေသက ကျေးရွာတွေမှာ သြဂုတ် ၂၀ ရက်နေ့လောက်ကတည်းက ရွာသားတွေဟာ နှာရည်ယို၊ ချောင်းဆိုး၊ အော့အန်ဖျားနာ၊ မျက်စိနီရောတွေဖြစ်ပွားပြီး သတင်းရရချင်း မြို့နယ် ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ကုသနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013