DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့အနီး အင်အား ၄.၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
September 11, 2018
ကလေးဝမြို့အနီး အင်အား ၄.၇ အဆင့်ရှိ မြေငလျင်လှုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အနီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

စက်တင်ဘာ ၁၀ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၂၇ မိနစ်၊ ၄၀ စက္ကန့် အချိန်မှာ ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း ကလေးဝမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ အနက် ၉၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်သွားတာလို့ ဆိုပါတယ်။

ငလျင်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013