DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်တွင် လှူဒါန်းမည့် ရွှေပြားကြိတ်စက်ရုံ ၆ လအတွင်း အပြီးတည်ဆောက်မည်
DVB
·
September 11, 2018
ရွှေတိဂုံစေတီတော်တွင် လှူဒါန်းမည့် ရွှေပြားကြိတ်စက်ရုံ ၆ လအတွင်း အပြီးတည်ဆောက်မည်
Donate to DVB

ရွှေတိဂုံစေတီတော်ကြီးကို ကြာရှည်ခံ ရွှေသင်္ကန်းတွေ ကပ်လှူနိုင်စေဖို့ ရည်ရွယ်ပြီး စက်မှုဝန်ကြီးဌာနအနေနဲ့ အသေးစား ရွှေပြားကြိတ်စက်ရုံ တည်ဆောက်လှူဒါန်းဖို့ စီစဉ်နေပါတယ်။

အဲဒီစက်ရုံမှာ ရွှေပြားကြိတ်စက် ၆ လုံးနဲ့ ရွှေအပူပေးစက်တွေ တပ်ဆင်ထားမှာ ဖြစ်တဲ့အပြင် လိုအပ်တဲ့ အပူချိန်ရရှိအောင် တည်ဆောက်ရမှာဖြစ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နဲ့ ညှိနှိုင်းပြီး ဘုရားရဲ့ တောင်ဘက်မုခ်နဲ့ မနီးမဝေး အောက်ပစ္စယံပေါ်မှာ တည်ဆောက်ဖို့ မြေနေရာ သတ်မှတ်ထားတယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စက်ရုံတည်ဆောက်ဖို့အတွက် မြေရှင်းလင်းနေပြီး နောက်ခြောက်လအတွင်း အပြီးတည်ဆောက်ကာ စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

“စက်တွေ လေးလုံးလောက်တော့ အသင့်ဖြစ်နေပါပြီ။ အားလုံးက ခြောက်လုံးလောက်ထားမှာ၊ အဲဒီစက်တင်မကဘူး၊ အထဲမှာ ကျနော်တို့က ဒီရွှေပြားကို အပူပေးတဲ့ဟာတွေ၊ ရွှေတုံးအပူပေးတဲ့ဟာတွေ ထည့်ရမယ်။ လာမယ့် ခြောက်လလောက် အတွင်းမှာ အပြီးဆောင်ရွက်သွားမယ့် အနေအထားရှိပါတယ်” လို့ အမြဲတမ်းအတွင်းဝန်က ရှင်းပြပါတယ်။

အဲဒီရွှေပြားကြိတ်စက်ကို ရွှေတိဂုံဘုရားမှာရှိတဲ့ လက်လှည့် ရွှေပြားကြိတ်စက်အပေါ် အခြေခံပြီး စက်မှုဝန်ကြီးဌာနက တီထွင်ထားတာပါ။ ဒီစက်ကနေ တပေပတ်လည်ရှိ ရွှေသင်္ကန်းတွေ ထုတ်လုပ်နိုင်မှာမို့ အရင်က အသုံးပြုနေတဲ့ လက်လှည့် ရွှေပြားကြိတ်စက်ထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။

သာသနာရေးဝန်ကြီးဌာနကတော့ လက်ရှိ ကပ်လှူပူဇော်ထားတဲ့ ရွှေတိဂုံဘုရားပေါ်က ရွှေပြားတွေကို ပြန်လည်ခွာယူပြီး သတ္တုကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးသွားမှာဖြစ်သလို ရွှေပြားတွေကိုလည်း ကန်ထရိုက်ပေးတာမျိုး မလုပ်ဆောင်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013