DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၂ မှုနှင့် လူပေါင်း ၃၅၇ ယောက်ကို ဖမ်းဆီး
DVB
·
September 10, 2018
မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၂ မှုနှင့် လူပေါင်း ၃၅၇ ယောက်ကို ဖမ်းဆီး
Donate to DVB

နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်သတင်းတွေအရ စက်တင်ဘာ ၈ ရက်အထိ အမှုပေါင်း ၂၃၂ မှုနဲ့ လူပေါင်း ၃၅၇ ယောက် ဖမ်းဆီးထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

သြဂုတ်လ နောက်ဆုံးပတ်အတွင်း အမှုပေါင်း ၂၀၉ မှုဖမ်းဆီးထားပြီး စက်တင်ဘာ ပထမပတ်ထဲမှာ ၂၃ မှုနဲ့ လူပေါင်း ၂၂ ယောက် ဖမ်းဆီးခဲ့ပါတယ်။ ဇွန်လနောက်ဆုံးပတ်ကနေ အခု စက်တင်ဘာ ၈ ရက်အထိ မူးယစ်မှုနဲ့ အမျိုးသား ၃၀၂ ယောက်၊ အမျိုးသမီး ၅၅ ယောက်ကို ဖမ်းဆီးထားတာပါ။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအထဲမှာ ဘိန်းဖြူ ၂၅၁၉ ဒသမ ၂၆ဂရမ်၊ အိုက်စ် ၂ ဒသမ ၆၅ ဂရမ်၊ ဘိန်း ၃၁၈၂၈ ဒသမ ၈၅ ဂရမ်၊ ဘိန်းစာမှုန့် ၅၇၅၂ ဂရမ်၊ ဘိန်းစာရွက် ၃၂၆၆ ဂရမ်၊ စိတ်ကြွဆေးပြား ၁၂၂၅၆၄ ပြား၊ ဆေးခြောက် ၂၈၆၆ ဒသမ ၀၈ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် သေနတ်မျိုးစုံ ၆ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံးတလုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့နေရာတွေကတော့ ရှမ်းပြည်နယ် ဟဲဟိုး၊ သိန်းနီ၊ ကွတ်ခိုင်နဲ့ မဘိမ်း၊ ပဲခူးတိုင်း ပဲခူးမြို့၊ စစ်ကိုင်းတိုင်း ကလေး၊ ဟုမ္မလင်း၊ မန္တလေးတိုင်း ကျောက်ဆည်၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ တနင်္သာရီတိုင်း ကျွန်းစု၊ မွန်ပြည်နယ် မုဒုံမြို့တို့ကနေ ဖမ်းဆီးခဲ့တာပါ။

သီးခြားရရှိတဲ့ သတင်းတွေအရ ရှမ်းပြည်နယ် မိုင်းရယ်၊ နောင်ချို၊ လားရှိုးနဲ့ ဆီဆိုင်၊ ကရင်ပြည်နယ် မြဝတီ၊ ချင်းပြည်နယ် ရီခေါဒါရ်၊ တနင်္သာရီတိုင်း ကော့သောင်း၊ ကယားပြည်နယ် လွိုင်ကော်၊ မွန်ပြည်နယ် သံဖြူဇရပ်၊ နေပြည်တော် လယ်ဝေး၊ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောတို့မှာလည်း နယ်မြေရှင်းလင်း ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်အထိ တပတ်အတွင်းမှာဘဲ မူးယစ်အမှု ၃၂၂ မှု၊ တရားခံ ကျား ၃၆၈ ယောက်၊ မ ၅၂ ယောက်၊ စုစုပေါင်း အယောက် ၄၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၇၄၉ ဒသမ ၃၉ ဂရမ်၊ အိုက်စ် ၄၂ ဒသမ ၅၃ ဂရမ်၊ ဘိန်းစိမ်း ၈၂၆၂၈ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၄၇၈၂၅၆၄ ပြား၊ ဆေးခြောက် ၃၆၁ ဒသမ ၁၁ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ၊ သေနတ်မျိုးစုံ ၆ လက်၊ ကျည်မျိုးစုံ ၂၇ တောင့်၊ ယမ်းမှုန့် ၂၄၀ ဂရမ်၊ လက်ပစ်ဗုံး ၁ လုံး၊ မိုင်း ၁၄ စတာတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၂ မှုနှင့် လူပေါင်း ၃၅၇ ယောက်ကို ဖမ်းဆီး