DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းလာကြည့်သူ နည်းပါးနေ
DVB
·
September 10, 2018
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းလာကြည့်သူ နည်းပါးနေ
Donate to DVB

သမ္မတဦးဝင်းမြင့်ရဲ့မဲဆန္ဒနယ် တာမွေမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို လာကြည့်သူ ၁၄ ရာခိုင်နှုန်းပဲရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။

ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ တာမွေမြို့နယ်မှာ မဲဆန္ဒရှင်စုစုပေါင်း ၁၂၀,၀၀၀ ကျော်ရှိတဲ့ အထဲက ၁၄ရာခိုင် နှုန်းပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုခဲ့တာပါ။

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၃နေရာအတွက် ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးထဲမှာ လစ်လပ်နေရာ ၂နေရာအတွက် ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ ဆိပ်ကမ်းမြို့နယ်မှာတော့ မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၄၇ရာခိုင်နှုန်းသာ မဲစာရင်းကိုလာရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းမြင့်အောင် ကပြောပါတယ်။

အခုလို ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနည်းပါးလာတာဟာ အန်အယ်လ်ဒီအစိုးရရဲ့စွမ်း ဆောင်ရည်အားနည်းတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲဟာ လစ်လပ်နေရာ နည်းပါးတဲ့အတွက် သိပ်အရေးမကြီးဘူး ဆိုပေမယ့် ၂၀၂၀ ကြားဖြတ်ရွေးကောက်ပွဲမှာ အခုလိုပဲ စိတ်ဝင်စားမှုနည်းပါးတယ်ဆိုရင် နိုင်ငံအတွက် အလားအလာမကောင်းဘူးလို့လည်းပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက မဲဆန္ဒနယ် ၁၃နေရာစလုံး အတွက်ပါ ဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ၁၀ နေရာမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ခု က ကိုယ်စားလှယ်လောင်း ၆၂ ဦး၊ တစ်သီးပုဂ္ဂလ ၇ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉ ဦး ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013