DVB Logo
Home
မြန်မာသတင်း
၈ တန်းကျောင်းသား ဓာတ်လိုက်သေဆုံးခဲ့မှုတွင် တာဝန်ရှိသည့် လျှပ်စစ်ဝန်ထမ်းများကိုအရေးယူ
DVB
·
September 10, 2018
၈ တန်းကျောင်းသား ဓာတ်လိုက်သေဆုံးခဲ့မှုတွင် တာဝန်ရှိသည့် လျှပ်စစ်ဝန်ထမ်းများကိုအရေးယူ
Donate to DVB

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ ၈ တန်းကျောင်းသားတဦး ဓာတ်လိုက်သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လျှပ်စစ်အရာရှိနဲ့ ၀န်ထမ်းတွေကို ရာထူးကနေ ဖယ်ရှားအရေးယူ လိုက်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသား မောာင်မျိုးမင်းထွန်းဟာ ဓာတ်ကြိုးပြုတ်ကျမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က အသက်သေဆုံးခဲ့တာပါ။

ဒီဖြစ်ရပ်မှာ  အဓိကတာဝန်ရှိခဲ့တဲ့ မြို့နယ် လျှပ်စစ်ဝန်ထမ်းတွေကို  ရာထူးအဆင့်လိုက် အရေးယူလိုက်ပြီလို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

တောင်ဥက္ကလာပမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားကလေးငယ်သေဆုံးမှုမှာ သက်ဆိုင်ရာ လျှပ်စစ်ကော်ပိုရှင်းမှာ တာဝန်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ၀န်ခံပြောဆိုထားပါတယ်။

ကျောင်းသားလေး အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ခုံရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက အဖွဲ့တွေမပါဘဲ ပြည်ထောင်စုဝန်ကြီးလက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကို အထူးတာဝန်တွေပေးကာ စုံစမ်းခဲ့တာဖြစ်ပြီး ပြည်ထောင်စုအဆင့်ကနေ တိုက်ရိုက်ကိုင်တွယ်ခဲ့ တာပါ။

အရေးယူမှုအပိုင်းကိုတော့ သက်ဆိုင်ရာ ရာထူးအလိုက် ရာထူးကနေ ထုတ်ပယ်ခြင်းနဲ့ ရာထူးတိုး ရပ်ဆိုင်းခြင်း အရေးယူမှုတွေကို ၀န်ထမ်းဥပဒေအတိုင်း အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်ကြိုးပြုတ်ကျတဲ့အတွက် နှစ်စဉ်လူသေဆုံးတာ နဲ့ပတ်သက်ပြီး ပြည်သူလူထုတွေအကြေား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013