DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အာဆီယံသံအမတ်ကြီးများကိုရှင်းပြ
DVB
·
September 10, 2018
မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အာဆီယံသံအမတ်ကြီးများကိုရှင်းပြ
Donate to DVB

မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးက အာဆီယံနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံ အသိပေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၅၁ ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အာဆီယံ နေ့လယ်စာစားပွဲမတိုင်ခင် တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးနဲ့ သံအမတ်ကြီးတွေဟာ နှစ်နိုင်ငံနဲ့ အာဆီယံမူဘောင်အောက်က ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီနေ့လယ်စာ စားပွဲကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးတွေက သံအမတ်ကြီးတွေနဲ့ ဇနီး/ ခင်ပွန်းတို့လည်း တက်ရောက်ကြပါတယ်။

ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးကျော်တင်နဲ့ အာဆီယံသံအမတ်ကြီးတွေက အာဆီယံရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အာဆီယံရေးရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013