DVB Logo
Home
မြန်မာသတင်း
နန်းမိုဟွမ်ကို လွှတ်ပေးရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတောင်းဆို
DVB
·
September 10, 2018
နန်းမိုဟွမ်ကို လွှတ်ပေးရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတောင်းဆို
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဖမ်းဆီးထားတဲ့ နန်းမိုဟွန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ပြန်ထန်စွာရှုတ်ချကြောင်း အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက တောင်းဆို လိုက်ပါတယ်။

ဒီကနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး ဒီလို အပြစ်မဲ့ပြည်သူကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်သလို နိုင်ငံတော်က ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို  ထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက  နမ်းခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တဆိုင်ကို ဝင်ရောက် လာပြီး ဆိုင်ရှင်အမျိုးသမီး နန်းမိုဟွမ် (အသက် ၃၇ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

တီအန်အယ်လ်အေ အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းတွေဟာ တာဝန်ဝတ္တရား ဆောင်ရွက်နေချိန် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုနဲ့ ဒေါ်နန်းမိုဟွမ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးမှာ အမှုဖွင့် အရေးယူ ထားကြောင်း တီအန်အယ်လ်အေက စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင် ၁၀ ဦးက နန်းခမ်းမြို့မှာ စက်တင်ဘာ ၇ ရက်က ဆန္ဒပြတောင်းဆိုခဲ့သလို နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

နန်းမိုဟွမ်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013