DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်းဆရာ၊ ဆရာမ ၈၅,၀၀၀ ခန့် လိုအပ်နေ
DVB
·
September 10, 2018
အခြေခံပညာကျောင်းဆရာ၊ ဆရာမ ၈၅,၀၀၀ ခန့် လိုအပ်နေ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ အခြေခံပညာ ကျောင်းဆရာ ဆရာမ ပေါင်း ၈၅,၀၀၀ လောက် ခန့်ထားဖို့နဲ့ ကျောင်းဆောင်ပေါင်း ၄၅,၀၀၀ လောက် ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက် ဒီနေ့ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တာ ဖြစ်ပြီး ဒီလိုအပ်ချက်တွေကို ၅ နှစ်အတွင်း ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းလုပ်ဆောင်နေ တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

“အထူးလိုအပ်နေတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းဆောင် စုစုပေါင်း ၄၄၁၂၉ ဆောင် ဖြည့်ဆည်းပေးဖို့ လိုအပ်လျက် ရှိပါတယ်။ မူလတန်းပြ ဆရာ ဆရာမ ၅၀,၈၂၀ ဦး ခန့်ထားပေးဖို့အတွက် လိုအပ်လျက် ရှိပါတယ်။ အလယ်တန်းပြ ဆရာ ဆရာမ ၂၂ ၃၃၁ ဦး ခန့်ထားပေးဖို့ လိုအပ်လျက် ရှိပါတယ်။ အထက်တန်းပြဆရာ ဆရာမ ၁၁,၃၅၀ ဦး တွေဟာ ဒီ စာရင်းတွေသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လိုအပ်နေတဲ့ ကျောင်းဆောင်တွေနဲ့ ဆရာ ဆရာမတွေ ဖြစ်ပါတယ်။”

ဒီလိုအပ်ချက်တွေကို ပညာရေးဝန်ကြီးဌာနအနေနဲ့ တနှစ်အတွင်း ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်လို့ ၅ နှစ်အတွင်း ဖြည့်ဆည်းပေးနိုင်အောင် ဦးစားပေးလုပ်ဆောင်နေတယ်လို့လည်း ပညာရေးဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်(၇/၂၀၁၈) နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် ၀န်ကြီးဌာနတွေက ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013