DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် ရေကြီးရေလျှံ၊ တိရစ္ဆာန်များ မျောပါသေဆုံး
DVB
·
September 10, 2018
ပူတာအိုတွင် ရေကြီးရေလျှံ၊ တိရစ္ဆာန်များ မျောပါသေဆုံး
Donate to DVB

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ပူတာအိုမြို့ အပါအဝင် ပူတာအို အထက်ပိုင်း အထက်ရှန်ဂေါင်၊ မုန်ငူရ်နဲ့ ဒါကူရှီဇား အစရှိတဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံ ဖြစ်ပွားခဲ့ပါတယ်။

မိုးသည်းထန်မှုနဲ့ မလိခရေ ကျလာတဲ့အတွက် စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းကစပြီး နေအိမ်တချို့ ရေဝင်ပျက်စီးသလို တိရစ္ထာန်တွလည်း မျောပါသေဆုံးသွားတယ်လို့ ပူတာအိုမြို့ခံ ဦးအောင်ခမ်းက ပြောပါတယ်။

“ရေကြီးပြီးတော့ တချို့အိမ်တွေက ကြက်ဝက်တွေ ပါသွားတာတွေလည်း ရှိပါတယ်။ ရေက မလိခဘက်ကနေ စီးဝင်တဲ့ဟာတွေနဲ့ ရောပြီးတော့ မိုးရေအရမ်းများတဲ့ အခါကျတော့ ချောင်းနဲ့နီးတဲ့ အိမ်တွေမှာ လျှံပြီးတော့ ကတ္တရာလမ်းတွေလည်း အကုန် ရေတွေလွှမ်းတာတွေ ဖြစ်တာပေါ့။”

ပူတာအိုမြို့နယ်၊ မန်စေအုပ်စု ဝါးခီကျေးရွာနေ ကလေး ၂ ဦးနဲ့ မူလာရှီးဒီကျေးရွာနေ ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ ရေထဲမျှောပါ သေဆုံးတယ်လို့ သတင်းထွက်နေပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအို-ဖုန်ကန်သွား ပြည်ထောင်စုလမ်း မိုင်တိုင် (၁/၆) ခန့်အနီး နမ့်ပလန့်ချောင်း ရေကြီးမှုကြောင့် ရေလျှံကာ မန်စေကျေးရွာဘက်ကမ်း လမ်းပေါ်ရေကျော်မှုကြောင့် ကားတွေ ဖြတ်သန်းသွားလာလို့ မရဘူးလို့ အစိုးရ ပြန်ကြားရေးက သတင်း ထုတ်ပြန်ပါတယ်။

မန်စေကျေးရွာအုပ်စု မုံငုရ်ကျေးရွာမှာ အိမ်ခြေ ၇၀ ကျော် ရေဝင်ရောက်နေပြီး ရေအနက်ငါးပေခန့် ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013