DVB Logo
Home
မြန်မာသတင်း
ဒေါက်​တာ​အေး​မောင်​ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုတို့ဖြင့်​ စွဲချက်တင်
DVB
·
September 10, 2018
ဒေါက်​တာ​အေး​မောင်​ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုတို့ဖြင့်​ စွဲချက်တင်
Donate to DVB

ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ ဒေါက်​တာ​အေး​မောင်​နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို  နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁)၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)တို့နဲ့ စွဲချက်​တင်​ဖို့ ဒီက​နေ့ ​ စစ်​​တွေခရိုင်​တရားရုံးက ဆုံးဖြတ်​လိုက် ပါတယ်​။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟော ပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ)နဲ့ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ မူလက ဖမ်းဆီးပြီး တရားစွဲထားတာဖြစ်ပါတယ်။

ဒီလိုပုဒ်​မ သုံးခုနဲ့စွဲချက်​တင်​ထားရာက​နေ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ပုဒ်​မနဲ့ ၅၀၅ (ဂ)တို့ကို ခရိုင်​ တရားရုံးပယ်ဖျက်​ဖို့ဆုံးဖြတ်​ခဲ့ပေမယ့် ၅၀၅(ခ)ကို​တော့ ပယ်​ဖျက်​ခြင်းမပြုခဲ့ဘဲ စွဲချက်​တင်​ဖို့ ဆုံးဖြတ်​ခဲ့တာလည်းဖြစ်​ပါတယ်​။

ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကတော့ သူတို့​ရဲ့ ဟော​ပြောချက်​​တွေနဲ့ စွဲဆိုထားတဲ့ပုဒ်မတွေဟာ တစုံတရာ ငြိစွန်းမှုမရှိခဲ့ဘူးလို့ ​ပြောပါတယ်​။ ဒီအမှုကို လာမယ့် စက်​တင်​ဘာ ၁၄ ရက်​​နေ့မှာ ပြန်​လည်​ချိန်းဆိုထားပါတယ်​။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013