DVB Logo
Home
မြန်မာသတင်း
မိုးဗြဲက တပ်​သိမ်း​မြေ ဧက ၂၀၀ ​ကျော်​ တပ်​မ​တော်​ပြန်​လည်​​ပေးအပ်
DVB
·
September 9, 2018
မိုးဗြဲက တပ်​သိမ်း​မြေ ဧက ၂၀၀ ​ကျော်​ တပ်​မ​တော်​ပြန်​လည်​​ပေးအပ်
Donate to DVB

ရှမ်းပြည်​တောင်​ပိုင်း၊ ဖယ်​ခုံမြို့နယ်​မှာရှိတဲ့ မိုးဗြဲက တပ်​သိမ်း​မြေ ဧက ၂၀၀ ​ကျော်​ကို တပ်​မ​တော်​ ခမရ ၄၂၂ တပ်​ရင်းက ​ဒေသခံ​တောင်​သူ​ ၂၂၈ ဦးထံ ပြန်​လည်​​ပေးအပ်​ လိုက်ပါတယ်။

ခုလို ပြန်​လည်​​ပေးအပ်​လိုက်​တဲ့ ​မြေ​တွေကို ဖယ်​ခုံမြို့နယ်​ခန်းမမှာ စက်​တင်​ဘာလ ၈ ရက်​​နေ့က ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာလင်းထွဋ်​အပါအဝင်​ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့​၊ ကယန်းတိုင်းရင်းသား​လူမျိုး​ရေးဝန်​ကြီးနဲ့ ဖယ်​ခုံမြို့နယ်​လွှတ်​​တော်​ အမတ်​​တွေ တက်​​ရောက်​ပြီး​တော့ ​တောင်​သူ​တွေဆီ အခမ်းအနားနဲ့ ​ပေးအပ်​ခဲ့တာပါ။

လယ်​ယာ​မြေ သိမ်းဆည်းခံရတာ​ကြောင့် ​ဒေသခံ​ပြည်​သူတွေ နှစ်​နာမှုမရှိ​စေဖို့ အ​လေးထား​ဆောင်​ရွက်​​နေတယ်​လို့ ဝန်​ကြီးချုပ်​က အခမ်းအနားမှာ ​ပြောပါတယ်​။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က “ဒေသခံပြည်သူများ နစ်နာမှုမရှိစေဖို့အတွက် မြေသိမ်းဆည်းခံရမှု ပြဿနာတွေ အပေါ်မှာ အခြေခံပြီး ချမှတ်ထားတဲ့ မူဝါဒဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။” လို့ ဆိုပါတယ်။

တပ်​မ​တော်​က အခုလို​မြေဧကအချို့ကို ပြန်​လည်​​ပေးအပ်​ခဲ့​ပေမယ့်လည်း ​ဒေသခံ​ တောင်​သူအချို့ကသာ ပြန်​လည်​ရရှိပြီး ​မြေပြန်​မရ​သေးတဲ့ ​တောင်​သူ​တွေလည်း ကျန်​ရှိ​နေ​သေး တယ်​လို့ ​တောင်​သူ​တွေက ဆိုပါတယ်​။

အခုလို လွှဲအပ်​လိုက်​တဲ့​မြေ​တွေဟာ ​ဧက ၂၀၀ ​ကျော်​သာရှိပြီး ဧက ၈၀၀ ​ကျော်​ ကျန်​ရှိ​နေ​သေးတာ​ကြောင့် ​တောင်​သူ​တွေက ​မြေ​တွေ ပြန်​ရဖို့ ဆက်​ပြီး ​တောင်းဆိုသွားမယ်​လို့ ဆိုပါတယ်​။

တောင်သူတဦးဖြစ်သူ ကိုအောင်မျိုးခန့်က “မိုးဗြဲမှာ သိမ်းဆည်းမြေတွေ အများကြီးကျန်ပါ သေးတယ်။ ကျနော်တို့ တောင်းဆိုတဲ့ အချက်အလက် အပြည့်အဝမရရှိသေးဘူး။ ဆက်လက် လည်း တောင်းဆိုရဦးမယ့် အနေအထားမျိုး ရှိတယ်ဆိုတာ ကျနော် အတိအလင်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။

တောင်သူ ဦးစိုးပိုင်က “ပြီးခဲ့တဲ့ အစိုးရထက်သာအောင် မူလ လက်ငုပ်တောင်သူထံ ရောက်ရှိရေးအတွက် အခုကျနော် ပြောထားတဲ့ မြေကွက်ထဲမှာ ပြန်လည်စိစစ်ပေးဖို့ပဲ ကျနော်တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။

အရင်​ ဦးသိန်းစိန်​အစိုးရ လက်​ထက်​တုန်းကလည်း တပ်​မ​တော်​က ​မြေဧကအချို့ကို ပြန်​လည်​လွှဲအပ်​ခဲ့တာရှိ​ပေမယ့် လက်​ရှိအချိန်​ထိ မူရင်း​တောင်​သူ​တွေရဲ့ လက်​ထဲ မ​ရောက်​ဘဲ အခြားဌာနဆိုင်​ရာ​တွေနဲ့ အဖွဲ့အစည်း​အချို့ရဲ့ လက်​ထဲ​ရောက်​သွားတာ​တွေရှိ​နေတယ်​လို့ ​တောင်​သူ​တွေက ပြောပါတယ်​။

မိုးဗြဲတပ်​သိမ်း​မြေကိစ္စနဲ့ ပတ်​သက်​ပြီး ​တောင်​သူ​တွေက သတင်းစာ ရှင်းလင်းပွဲပြုလုပ်​သွားမယ်​လို့ ဆိုပါတယ်​။

အဆိုပါ​မြေ​တွေကို တပ်​မ​တော်​ ခမရ ၄၂၂ တပ်​ရင်းက ၁၉၉၂ ခုနှစ်​မှာ သိမ်းယူခဲ့တဲ့​မြေ​တွေဖြစ်​ပါတယ်​။

သတင်း - ခွန်တူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013