DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှမ်းဈေးကွက် အလားအလာကောင်းနေ
DVB
·
September 9, 2018
ပခုက္ကူနှမ်းဈေးကွက် အလားအလာကောင်းနေ
Donate to DVB

၂၀၁၈ ခုနှစ် ပခုက္ကူနှမ်းဈေးကွက်မှာ  အမြင့်ဈေးနဲ့ စဖွင့်နိုင်ခဲ့တာကြောင့် အလားအလာ ကောင်းနေပြီး အရောင်းသွက်နေတယ်လို့ သိရပါတယ်။

အညာဒေသတောင်သူတွေအတွက် မြေပဲပြီးရင် အဓိက ဆီထွက်သီးနှံတမျိုးဖြစ်တဲ့ နှမ်းသီးနှံဟာ ပြီးခဲ့တဲ့ သုံးနှစ်လောက်က နှစ်သောင်းခွဲ သုံးသောင်းလောက်က စပွင့်ခဲ့ပေမယ့် အခုနှစ်မှာတော့ ပခုက္ကူနှမ်းဈေးကွက်မှာ အမြင့်ဈေးနဲ့ စဖွင့်နိုင်ခဲ့ပြီး နှမ်းဈေးက စက်တင်ဘာ ၈ ရက်နေ့အထိ တက်ရိပ်ပြနေဆဲပါ။

ရတနာဝင်း ပဲမျိုးစုံရောင်းဝယ်ရေးမှ ဦးထွန်းထွန်းအောင်က “ပခုက္ကူနှမ်းဈေးကတော့ စဖွင့်တာ ၄၁၀၀၀ လောက်က စပွင့်တယ်၊ လက်ရှိမှာ ၄၇၀၀၀ လောက်ဖြစ်နေပါတယ်။  ၂ ရက်၊ ၃ ရက်အတွင်းမှာတော့ နှမ်း ၁ တင်းကို ၂၀၀၀၊ ၃၀၀၀ လောက် တက်လာပါတယ်။ ယောဝါကလည်း ခု ၂ ရက်၊ ၃ ရက်အတွင်းမှာ နှမ်း ၁ တင်းကို ၂၀၀၀၊ ၃၀၀၀ လောက် တက်လာပါတယ်။ ခုလက်ရှိမှာ နှမ်း ၁ တင်းကို ၅၀၀၀၀ ဖြစ်နေပါတယ်။ နှမ်းစမှုန်ကတော့ လွန်ခဲ့တဲ့ သုံးရက်လောက်က ၆၉၀၀၀ လောက်ရှိပြီးတော့ မနေ့ကနဲ့ ဒီနေ့ ၆၈၀၀၀ ထောင်ပြန်ဖြစ်လာပါတယ်။ လက်ရှိကတော့ နှမ်းဈေးက အလားအလာကောင်းနေစဲပါပဲ။”

ပခုက္ကူနှမ်းဈေးကွက်မှာ နှမ်းဈေးအတက်ပြနေသလို အရောင်းအဝယ်အနေနဲ့လည်း သွက်နေပါတယ်။

ငြိမ်းချမ်းသာ ပဲမျိုးစုံရောင်းဝယ်ရေးမှ ဦးဇော်မျိုးထက်က “ပခုက္ကူက နှမ်းတွေကို ခုလက်ရှိမှာ မန္တလေးဘက်ကို ပို့နေရပါတယ်။ လောလောဆယ် အနေအထားကတော့ အသွက်ဘက်ကို ဦးတည်နေပါတယ်။ ရောင်းလိုအားဝယ်လိုအားကတော့ သွက်သွက်လက်လက်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ ပခုက္ကူ နှမ်းဈေးကွက်ပေါက်ဈေးတွေကတော့ ယောနှမ်းဝါ  ၅၀၀၀၀၊ နှမ်းဖြူ ၅၁၀၀၀၊ ယော စမှုန် ၆၃၀၀၀ ကနေ ၆၈၀၀၀၊ နှမ်းညို ၄၇၅၀၀ / ၄၇၀၀၀ အစားစားပေါက်ပါတယ်။ ဈေးနှုန်းက ၁ တင်းဈေးနှုန်းဖြစ်ပြီး အချိန်လိုက်ပြီး ဈေးပြောင်းလဲနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013