DVB Logo
Home
မြန်မာသတင်း
အဲလဗင်း အင်္ဂလိပ်ဝက်ဘ်ဆိုဒ် စတင်
DVB
·
August 8, 2012
အဲလဗင်း အင်္ဂလိပ်ဝက်ဘ်ဆိုဒ် စတင်
Donate to DVB

အဲလဗင်းမီဒီယာအုပ်စုရဲ့ သတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ ၀က်ဘ်ဆိုဒ်တခု ဒီနေ့ စတင် လွှင့်တင်ထားတဲ့ အကြောင်း အဲ့ဒီသတင်းဌာနက ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့သတင်းတွေကို ကမ္ဘာတ၀န်းလုံးမှာရှိတဲ့ ပြည်သူတွေဖတ်ရှုနိုင်ဖို့ အချိန်နဲ့ တပြေးညီဖော်ပြသွား မယ့် ၀က်ဘ်ဆိုဒ်ဖြစ်တယ်လို့ အဲလဗင်းသတင်းမီဒီယာက ဖော်ပြထားပါတယ်။

အဲလဗင်းသတင်းဂျာနယ်အယ်ဒီတာ ကိုဝေဖြိုးက “ကျနော်တို့က အင်္ဂလိပ်လို သတင်းစာထုတ်ဖို့အထိ ရည်ရွယ် ထားပါတယ်။ အဲအတွက် လှမ်းလိုက်တဲ့ ခြေလှမ်းတခုပါ။ ကျနော်တို့ မီဒီယာဂရုအနေနဲ့ ပြည်တွင်းအပြင် နိုင်ငံတကာအထိပါ တတ်နိုင်သရွေ့ ပြည်တွင်းအခြေအနေမှန်တွေ၊ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေမှန်တွေသိအောင် ဖြည်းဖြည်းချင်း ကြိုးစား ရာကနေ နောက်ထပ် ခြေလှမ်းတလှမ်းအဖြစ် အင်္ဂလိပ်ဝဘ်ဆိုဒ်ကို တိုးချဲ့ထားခြင်းဖြစ်ပါ တယ်။ နောက်နောင်ကိုလည်း မီဒီယာက ပြောထားတဲ့အတိုင်းပဲ လုပ်စရာရှိတာတွေ ဆက်လုပ်သွားဦးမှာပါ” လို့ ပြောပါတယ်။

အဲလဗင်းမီဒီယာအနေနဲ့ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ရရှိရေးအတွက် ကြိုးစားနေပြီး ခွင့်ပေးတာနဲ့ ထုတ်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲလဗင်းအင်္ဂလိပ်ဆိုဒ်ကို ပြီးခဲ့တဲ့ ရခိုင်အရေးကာလကထဲက စမ်းသပ်လွှင့်တင်နေတာဖြစ်ပြီး သမိုင်းဝင် ၈ လေးလုံးနေ့မှာ အမှတ်တရ ထုတ်ဖော်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အဲလဗင်းအင်္ဂလိပ်ဝက်ဘ်ဆိုဒ် http://elevenmyanmar.com/ ကို မိုဘိုင်းဖုန်းနဲ့ သင်ပုန်းကွန်ပျုတာတွေကနေ ဖတ်နိုင်အောင် စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အဲလဗင်းမီဒီယာအုပ်စုဟာ လက်ရှိမှာ ထိုင်းနိုင်ငံ၊ နေးရှင်းသတင်းဌာနနဲ့ သတင်းတွေ ပူးပေါင်းဆောင်ရွက်နေတာပါ။

မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ အင်္ဂလိပ်လိုရေးသားတင်ပြတဲ့ ၀က်ဘ်ဆိုဒ်တွေ၊ သတင်းစာတွေ ပိုမိုလိုအပ်နေပြီလား ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ခေတ်ဂျာနယ်၊ အယ်ဒီတာ ဆရာဖေမြင့်က အခုလို သုံးသပ်ပြောကြားပါတယ်။

“အခု လက်ရှိအနေအထားမှာ ကျနော်တို့နိုင်ငံထဲကို နိုင်ငံတကာက ၀င်လာတာတွေအများကြီးရှိတယ်။ ဧည့်သည်တွေ ၀င်တယ် ထွက်တယ်ပေါ့။ နိုင်ငံရေး၊ စီးပွားရေးအရ ၀င်လာတာ ထွက်တာတွေ အများကြီးရှိလာတဲ့အခါမှာ မြန်မာပြည်အကြောင်းကို မေးမြန်းကြတာတွေရှိလာတဲ့အခါမှာ အဲဒီ ပရိသတ်ကို ပြောဖို့ကိုလည်း လိုအပ်လာတယ်လို့ ယူဆရတာပေါ့။”

မြန်မာသတင်းဖော်ပြတဲ့ ပြည်တွင်းအခြေစိုက် အင်္ဂလိပ် ၀က်ဘ်ဆိုဒ်တခု စတင်လွှင့်တင်လာတာဖြစ်ပြီး၊ လက်ရှိပြည်တွင်းမှာ အစိုးရထုတ် နယူးလိုက်မြန်မာသတင်းစာတစောင်နဲ့ ပုဂ္ဂလိကထုတ် မြန်မာတိုင်မ်းဂျာနယ်တွေပဲ အင်္ဂလိပ်လို ရေးသားဖော်ပြ ထုတ်ဝေနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013