DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များလွတ်မြောက်ရေး မုံရွာတွင် ဆုတောင်းပွဲပြုလုပ်
DVB
·
September 9, 2018
ဖမ်းဆီးခံသတင်းထောက်များလွတ်မြောက်ရေး မုံရွာတွင် ဆုတောင်းပွဲပြုလုပ်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေစည်းခုံဘုရားမှာ မုံရွာမြို့ခံသတင်းထောက်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ သတင်းလွတ်လပ်ခွင့်နှင့် ဖမ်းဆီးခံ သတင်းထောက်တွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတခုကို စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

“အဓိကကတော့ သတင်းလွတ်လပ်ခွင့်အတွက်ပါ။ ရိုက်တာကို ထောက်ခံတာ မဟုတ်ဘူး။ ဒါပေမယ့် သတင်းလွတ်လပ်ခွင့်တွေ လျော့နည်းလာလို့မို့ လုပ်တာဖြစ်တယ်။ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ ပုဒ်မတွေလည်း တိုးလာတယ်။ ပြောရရင် သတင်းလွတ်လပ်ခွင့် လျော့နည်းလာတဲ့ အနေအထားတွေ ကြုံလာလို့ အခုလို စုပေါင်းပြီး ဆုတောင်းပွဲလုပ်တာပါ” လို့ အလဲဗင်းသတင်းထောက် ကိုကောင်းခန့်လင်းက ပြောပါတယ်။

မုံရွာမြို့မှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကလည်း အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံခံခဲ့ရပြီး ဒီနေ့အချိန်ထိ တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးသလို အသတ်ခံရတဲ့ အကြောင်းရင်းလည်း မသိရသေးပါဘူး။

လတ်တလောမှာတော့ ရိုက်တာ သတင်းထောက် ၂ ယောက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာအပြင် ဒီဗွီဘီစီဂျေသတင်းထောက် ကိုအောင်စိုးမိုးလည်း အာမခံမရဘဲ အချုပ်ခဲကနေ တရားရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာရဲ့အညွန်းကိန်းတွေအရလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က ကျဆင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013