DVB Logo
Home
မြန်မာသတင်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာလုံးကျွတ်ရောဂါဖြစ်ပွား၊ ၁ ဦးသေဆုံး
DVB
·
September 9, 2018
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာလုံးကျွတ်ရောဂါဖြစ်ပွား၊ ၁ ဦးသေဆုံး
Donate to DVB

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်ထဲမှာ ဖျားနာတာအပါအဝင် ရွာလုံးကျွတ် ရောဂါထပ်ဖြစ်နေပြီး ကလေး ၁ ယောက် ထပ်သေဆုံးတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

သြဂုတ်လ နောက်ဆုံးပတ်ကစလို့ ဒုံဟီးတိုက်နယ်က ဝန်ရုတ်ကျေးရွာ၊ ဟဟောင်ကျေးရွာ၊ ရှိတ်ညိုကျေးရွာ၊ လန်းပန်းကျေးရွာတို့မှာ ကိုယ်ပူတာ၊ ချောင်းဆိုးတာ၊ နှာခေါင်းသွေးယိုတာနဲ့ အသက်ရှူကြပ်တာ စတဲ့ လက္ခဏာတွေနဲ့ ရောဂါဖြစ်နေကြတာပါ။

နန်းယွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က “တချို့ကလည်း ဝမ်းလျှော ဝမ်းပျက်တာတွေ ဖြစ်တယ်။ အခုဖြစ်တဲ့ ရှန်ဟဲပေါ်ကွန်ရွာက မကြာခင်က ဖြစ်ခဲ့တဲ့ လန်းပန်းရွာနဲ့ ဆိုရင် ၇ မိုင်လောက်ဝေးတယ်။ မနေ့ညနေအထိ ဆရာဝန်တွေ ဆေးကုပေးတဲ့ စာရင်းက လူပေါင်း ၄၀၀ လောက်ရှိတယ်။ ရွာမှာက လူဦးရေ ၆၀၄ ယောက်ရှိပါတယ်” လို့ ပြောပါတယ်။

ဒီရွာမှာ ဖြစ်တဲ့ ရောဂါပုံစံဟာလည်း လန်းပန်းရွာမှာ ဖြစ်တာနဲ့ တူတယ်လို့ သူက ဆိုပါတယ်။ စက်တင်ဘာ ၅ ရက်မှာ စဖြစ်ကြပြီး ၇ ရက်နေ့မှာတော့ ၁ လသားအရွယ် ကလေးတယောက် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဖျားနာသူတွေဟာ ကလေးလူကြီးအရွယ်စုံ ဖြစ်ပြီး ရောဂါကူးစက်တာနဲ့ အပြင်းအထန်ခံရပြီး လူကြီးတွေတောင် မထူမထ နိုင်သည်အထိဖြစ်လာတယ်လို့လည်း ပြောပါတယ်။

လန်းပန်းရွာမှာ ၄ ယောက်၊ ဟချွမ်းညိုရွာမှာ ၂ ယောက်၊ အခု ရှန်ဟဲပေါ်ကွန်ရွာမှာ တယောက် သေဆုံးတာကြောင့် နန်းယွန်းမြို့နယ်ထဲမှာ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ကလေးငယ် ၇ ယောက်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

သတင်းရရချင်း မြို့နယ် ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီး ၇ ရက်နေ့မှာ ကျန်းမာရေး ဝန်ထမ်းတွေ စေလွှတ်ကုသနေပြီး မနေ့ကတော့ စိုးရိမ်စရာ အခြေအနေမရှိတော့ဘူးလို့လည်း ဦးစိမ်းမောင်က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးတွေလည်း လုံလောက်ပြီး အရေးကြီးဆေးတွေနဲ့ မလုံလောက်တဲ့ ဆေးတွေကိုလည်း မှာယူထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း နန်းယွန်းဒေသမှာ ရွာလုံးကျွတ်နီးပါး ဖျားနာသေဆုံးခဲ့တာ တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013