
ဆက်သွယ်ရေးဥပဒေပြင်လိုက်ပြီး နောက်ပိုင်း တရားစွဲဆိုခံရတာ ၄၈ မှုရှိပြီး လက်ရှိ အစိုးရ လက်ထက်မှာ စွဲဆိုတာ ၁၄ဝ လောက်ရှိတယ်လို့ လွတ်လပ်စွာပြောဆိုခွင့်အတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၉ ရက်အထိ ကောက်ခံရရှိတဲ့ စာရင်းတွေအရ ဆက်သွယ်ရေး ဥပဒေနဲ့ တရားရုံးတင်စွဲဆိုမှု စုစုပေါင်း ၁၅ဝ ရှိတယ်လို့ ဆိုပါတယ်။
အရင်အစိုးရလက်ထက်က ၁၁ မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာတော့ ဥပဒေ မပြင်ခင်က ၉၁ မှု ရှိပါတယ်။
ဒါကြောင့် ဥပဒေပြင်ဆင်ပြီးနောက်ပိုင်းမှာ စွဲဆိုတာ ၄၈ မှုရှိနေတာပါ။
ဒီထဲမှာ သတင်းသမားတွေကို စွဲဆိုခဲ့တာက ၁၉ မှုရှိပြီး အမှုရင်ဆိုင်နေရတဲ့ သတင်းသမား ၂၇ ယောက်ရှိပါတယ်။
ဥပဒေပြင်ဆင်ပြီးနောက်ပိုင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ပတ်သက်လို့ ကြားလူတွေက စွဲဆိုတဲ့အမှုတွေ မတွေ့ရတော့ဘူးလို့ အသံအဖွဲ့က ဆိုပါတယ်။
သတင်းစာတွေမှာလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာတင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှေ့နေတွေကတဆင့် သတိပေးအကြောင်းကြားတာတွေ မကြာခဏဆိုသလို ပါရှိနေတာဖြစ်ပါတယ်။











