DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌအဖြစ် ဟံသာဝတီ ဦးအုန်းကြိုင်ကို ရွေးချယ်
DVB
·
September 9, 2018
သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌအဖြစ် ဟံသာဝတီ ဦးအုန်းကြိုင်ကို ရွေးချယ်
Donate to DVB

ဒုတိယအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌရာထူး နေရာအတွက် ဟံသာဝတီ ဦးအုန်းကြိုင်ကို ရွေးချယ်လိုက်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ရန်ကုန်မြို့ Summit Parkview Hotel မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အလုပ်အမှုဆောင်ရွေးချယ်ပွဲမှာ ဦးအုန်းကြိုင်ကို ၁၄ မဲနဲ့ ကောင်စီဝင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။

အဲဒီနောက် ဒုတိယအနေနဲ့ မဲအရေအတွက်အများဆုံး ကောင်စီဝင်ကတော့ တသီး ပုဂ္ဂလအနေနဲ့ ကောင်စီဝင်ဖြစ်လာတဲ့ ဦးကျော်မင်းဆွေဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီဝင် ၂၉ ဦးထဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြု တင်သွင်းထားတဲ့ ဦးမြင့်လွင်ကလွဲပြီး ကျန်တဲ့ကောင်စီဝင် ၂၈ ဦးစလုံး တက်ရောက်ပြီး ရွေးချယ်ပေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်းစီရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ရာထူးနေရာမှာ ဒေါက်တာမျိုးသန့်တင်ရရှိပြီး ဒုတိယ ဥက္ကဋ္ဌ (၂) ရာထူးနေရာကို ဦးကျော်နိုင် (စာရေးဆရာ ထက်မြတ်) က ရရှိခဲ့ပါတယ်။

ဒေါက်တာမျိုးသန့်တင်ဟာ တက်သိပညာရှင်အဖွဲ့က ကောင်စီဝင်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး စာရေးဆရာထက်မြတ်ကတော့ သမ္မတကနေ အဆိုပြုခံခဲ့ရတဲ့ ကောင်စီဝင်ဖြစ်ပါတယ်။

ဒါအပြင် အလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးရာထူးနေရာကို ဦးကျော်စွာမင်းကို ရွေးချယ်ပြီး တွဲဖက်အတွင်းရေးမှူး (၁) ရာထူး နေရာမှာ ဦးမြင့်ကျော်နဲ့ တွဲဖက်အတွင်းရေးမှူး (၂) ရာထူးနေရာကို သာလွန်ဇောင်းထက်တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

ဘဏ္ဍာရေးမှူး ရာထူးနေရာ ဦးမင်းဟန်ကို ရွေးချယ်ပြီး စာရင်းစစ်ရာ ထူးနေရာကိုတော့ ကောင်စီဝင်တွေက ဦးသိန်းစိုးကို ရွေးချယ်ခဲ့ကြပါတယ်။

သတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးသီဟစောက မပြည့်စုံဘဲ အငြင်းပွားစရာ ဖြစ်နေတဲ့ သတင်းမီဒီယာဥပဒေနဲ့ သတင်းမီဒီယာနည်းဥပဒေတို့ကို ကြိုးစားပြီး ပြင်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီဝင် ၂၉ ဦးထဲမှာ အမျိုးသမီးဦးရေ ၄ ဦးရှိပေမယ့် မဲဆန္ဒနဲ့ ရွေးချယ်ခဲ့တဲ့ အလုပ်အမှုဆောင်အဖွဲ့မှာ တဦးမှ မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013