DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 8, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် တစ်အိတ်ကို ၄၅၅၀၀ ပါက်ဈေးရှိပြီး ၁ အိတ်ကို ၁၆၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၈၀၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၃၄၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်ငုံနီအဟောင်းက ၁ အိတ်ကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃၄၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲဇီးကွက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၇၀၀၀ ကနေ ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၁၅၀၀ ကနေ ၈၄၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀  ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၅၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေးပွဲစားကုန်သည်စက်ပိုငအသင်းမှာ နှမ်းနက် ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၀၀၀၀ ကနေ ၁၈၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၄၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၁ အိတ်ကို ၁၄၈၀၀၀ ကနေ ၁၆၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၅၄၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၈၅၀၀ ဈေး ကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၆၅၀ ကျပ်ကနေ ၈၂၅ ကျပ်ပေါက်ဈေးရှိပြီး ၁၇၅ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၆၅၀  ကနေ ၇၇၅ ကျပ်ပေါက်ဈေးရှိပြီး ၇၅ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူ နဲ့မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက  မတ်ပဲ ရော ပဲစင်းငုံနီရော ဈေးတက်လာခဲ့ပါတယ်။ ငွေလဲနှုန်းမြင့်လာတဲ့အတွက် ဈေးမြင့်တက်လာခဲ့တာဖြစ်ပြီးတော့ ပြည်ပ၀ယ်ယူမှုလည်း များလာတဲ့အတွက် ဈေးက မြင့်တက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင် မတ်ပဲရော ပဲစင်းငုံနီရော သုံးတင်းဝင် ၁ အိတ်ကို ၂၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။

နောက်သီးနျှံတခုကတော့ ကြက်သွန်နီပဲ ဖြစ်ပါတယ်။ ၀ယ်လိုအား များနေပြီး ကြက်သွန်အ၀င်နည်းလာတဲ့အတွက် ဈေးက မြင့်တက်နေတယ်လို့ သိရပါတယ်။ လအတန်ကြာ ဈေးငြိမ်နေပေမယ့် ဒီတပတ်အတွင်း ၁ ပိဿာကို ငွေကျပ် ၂၀၀ နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။ လက်ရှိအခြေအနေအရ ဈေးမြင့်တက်နေပေမယ့် ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေ နဲ့ နှိုင်းယှဉ်ရင်တော့ ဈေးကွာခြားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကာလတူ အခြေအနေမှာ ကြက်သွန်နီ ၁ ပိဿာကို ၃၀၀၀ နီးပါး ဈေးရရှိခဲ့ပါတယ်။

 

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013