DVB Logo
Home
မြန်မာသတင်း
လိင်ပိုင်းအကြမ်းဖက်ခံရ၍ Help Line Service ကို တိုင်သည့်အမှု ၈ လအတွင်း ၃၇၂ မှုရှိ
DVB
·
September 8, 2018
လိင်ပိုင်းအကြမ်းဖက်ခံရ၍ Help Line Service ကို တိုင်သည့်အမှု ၈ လအတွင်း ၃၇၂ မှုရှိ
Donate to DVB

၂၀၁၈ ခုနှစ်အတွင်းမှာ လူမှုဝန်ထမ်းဦးစီးဌာန ရဲ့ Help Line Service ကို တိုင်ကြားတဲ့ အမှုတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ အမှုတွေက အများဆုံးဖြစ်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက  ပြောပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ  ၈ လအတွင်း တိုင်ကြားခဲ့တဲ့ အမှုပေါင်း ၄၂၀ မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက  အမှုပေါင်း ၃၇၂ မှု ရှိပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနကတော့ အကြမ်းဖက်ခံရတဲ့ သူတွေကို ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပြင် အမှုရင်ဆိုင်ဖို့ အခက်အခဲရှိသူတွေကို အကူအညီပေးတာတွေနဲ့ စီးပွားရေး အသက်မွေးဝမ်းကြောင်းနဲ့ ပညာဆက်လက်သင်ကြားပေးဖို့လည်း အကူအညီပေးနေတယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး နော်သဝါး က “ရှေ့ဆက်ပြီးတော့ သူရပ်တည်နေထိုင်နိုင်ဖို့အတွက် ဘယ်လိုထောက်ပံ့ကူညီရမလဲဆိုတဲ့ ဟာမျိုးတွေကိုလည်း ကျမတို့ဆီကို ပြန်ပေးပါတယ်။ သူတို့တင်ပြတဲ့ အစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ ကျမတို့က လူကြီးတွေရဲ့ လမ်းညွှန်မှုကို ခံယူပြီး ပြည်သူတွေဆီကို တိုက်ရိုက်ထောက်ပံ့တာတွေ လုပ်ပါတယ်။ ဥပမာ တရားရင်ဆိုင်ဖို့ အခက်အခဲရှိနေတဲ့သူတွေ ဆိုရင် အစိုးရကနေပြီးတော့ ကျပ် ၁ သိန်းပေါ့။ ခရီးစရိတ်တို့ သွားဖို့လာဖို့အတွက်ကို ကျပ် ၁ သိန်း ထောက်ပံ့ပါတယ်။ ရေရှည်ရပ်တည်ဖို့ အရမ်းခက်ခဲတဲ့ မိသားစုတွေရှိတယ်။ အရမ်းခက်ခဲတဲ့သူတွေရှိရင် အဲဒီအမျိုးသမီးတွေအတွက် ကျမတို့က သူတို့နဲ့ သင့်လျော်တဲ့ စီးပွားရေး ဒါမှမဟုတ် သူတို့က အသက်မွေးဝမ်းကြောင်း သင်တန်းထပ်တက်ချင်တယ်၊ ဒါမှမဟုတ် ပညာရေးကို ဆက်သွားချင်တယ်ဆိုရင် ကျောင်းပညာရေး ဆက်တက်နိုင်ဖို့အတွက် သူရဲ့ လိုအပ်ချက်ပေါ်မှာ မူပြီးတော့ ကျမတို့ဌာနကနေပြီးတော့ ပံ့ပိုးပါတယ်” လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Help Line Service ကို တိုင်ကြားတဲ့ အမှုတွေမှာ သက်ငယ်မုဒိမ်းမှု ၁၉၆၊ အသက် ၁၈ နှစ်အထက် သက်ကြီးမုဒိမ်းမှု ၄၄၊ မုဒိမ်းမှုအတွက် ကြံစည်မှုက ၃၁ မှုနဲ့ အဓမ္မထိမ်းမြားလက်ထပ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့အမှု ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရုပ်ပိုင်းဆိုင်၇ာ အကြမ်းဖက်တာနဲ့ အသက်မပြည်ဘဲ ခိုးလိုက်ပြေးတဲ့ အမှုတွေ ပါဝင်ပါတယ်။

ဒါ့ပြင် အမျိုးသမီးအရေးတွေကို လုပ်ဆောင်ပေးနေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းပေါင်း ရာကျော်ရှိပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေအတွက် ဥပဒေရေးရာတွေနဲ့ အသိပညာပေးတဲ့အပိုင်းကို ကျေးလက်အဆင့်ထိ ဆင်းပြီး ဦးစားပေး လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်

Triangle Women’s Support Group ဒါရိုက်တာ ဒေါ်ခင်လေးက “နစ်နာတဲ့ အမျိုးသမီးတွေကို ကုစားတဲ့အစီအစဉ်တွေ  ဝန်ဆောင်မှုပေးတဲ့ အစီအစဉ်တွေကိုတော့ သိပ်မလုပ်ဘူး။ ကျမတို့အဖွဲ့ အဓိကလုပ်တာကတော့ အသိပညာပေးတဲ့ အလုပ်။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်နိုင်အောင် ကျမတို့ လက်ရှိ တည်ဆဲဥပဒေထဲမှာ ကာကွယ်ပေးတဲ့ ဥပဒေတွေ ဘာတွေရှိတယ်။ အဲဒီဥပဒေတွေကိုလည်း ဘယ်လို ထိထိရောက်ရောက်ဖြစ်အောင် ကျမတို့ ဆောင်ရွက်လို့ရတယ်။ ဥပဒေတွေ အားနည်းပေမယ့် ဒီဥပဒေတွေ ပြုပြင်ဖို့ ကျမတို့မှာ အရပ်ဘက် အဖွဲ့အစည်းတွေကနေတဆင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုက်တွန်းဆွေးနွေးမှုတွေ လုပ်သင့်တယ်။ နောက်တခါ အကြမ်းဖက်မှုဆိုရင်လည်း ဘယ်လိုဟာတွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်တယ်ဆိုတာကို ကျေးလက်အထိ ဆင်းပြီးတော့ ကျမတို့အဖွဲ့အစည်းက အသိပညာပေးတဲ့ အလုပ်တွေကိုပဲ အဓိကလုပ်တယ်” လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ တိုင်းနဲ့ ပြည်နယ်တွေမှာ  ၂၀၁၇ တနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှု ၁,၄၀၀ ကျော်ရှိနေပါတယ်။ မြန်မာတနိုင်ငံလုံးမှာ  ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုတွေမှာ ရန်ကုန်တိုင်းက မုဒိမ်းမှု ၂၇၀၊ ဧရာဝတီတိုင်းက ၂၄၃ မှု၊ မန္တလေးတိုင်း ၁၇၄ မှု၊ စစ်ကိုင်းတိုင်းက  ၁၄၀ နဲ့ ပဲခူးတိုင်းက ၁၂၉ မှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013