DVB Logo
Home
မြန်မာသတင်း
အောင်​လံတွင် ပြည်​သူ့ဝန်​ထမ်း အ​ယောင်​​ဆောင်​ ခြိမ်း​ခြောက်​​ငွေ​တောင်းသူများကို ဖမ်းဆီး
DVB
·
September 8, 2018
အောင်​လံတွင် ပြည်​သူ့ဝန်​ထမ်း အ​ယောင်​​ဆောင်​ ခြိမ်း​ခြောက်​​ငွေ​တောင်းသူများကို ဖမ်းဆီး
Donate to DVB

မ​ကွေးတိုင်း ​အောင်​လံမြို့မှာ မှုခင်းသတင်း​ထောက်​ကတ်​ပြပြီး ပြည်​သူ့ဝန်​ထမ်းအ​ယောင်​​ဆောင်​ကာ ခြိမ်း​ခြောက်​​ငွေ​တောင်းသူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ ​ရဲက ပြောပါတယ်။

မကျည်းကုန်းရပ်​ကွက်​ ​မီး​သွေးလုပ်​ငန်းလုပ်​ကိုင်​သူ ဦးသိန်းဇော်ဆီကနေ ခြိမ်း​ခြောက်​ပြီး လစဉ်​​ကြေး​ကောက်​ခံနေတဲ့သူ ၂ ဦးကို ဖမ်းဆီးမိခဲ့တာလို့ ​အောင်​လံရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။

“ပြည်​သူ့ဝန်​ထမ်း မှုခင်းသတင်း​ထောက်​၊ မှုခင်းတပ်​ဖွဲ့၊ သတင်းရဲတပ်​ဖွဲ့၊ စရဖ အ​ဖွဲ့၊ စသုံးလုံး အဖွဲ့တို့ဖြစ်​​ကြောင်း သတင်း​ထောက်​ကတ်​ပြား ထုတ်​ပြကာ မီး​သွေးလုပ်​ငန်းလုပ်​ရင်​ အများနှင့်သက်​​ဆိုင်​​သောပစ္စည်း ကာကွယ်​သည့် ဥပ​ဒေနဲ့ ​ထောင်​ဒဏ်​ ၁ဝ နှစ်​ချလို့ ရတယ်​​ပြောပြီး ခြိမ်း​ခြောက်​ခဲ့တာပါ။ အ​ရေးယူဖို့ တိုင်​လိုက်​ရင်​ ဒုက္ခ​ရောက်​သွားမယ်​၊ လစဉ်​ဆက်​​ကြေး​ပေးရင်း တိုင်းကားခြင်းမပြုဘဲ နှစ်​ဖက်​ အဆင်​​ပြေမယ်​​ပြောပြီး ၁ ​လကို ငါး​သောင်းကျပ်​စီ​ပေးဖို့ ခြိမ်း​ခြောက်​​ငွေ​တောင်းခံခဲ့တာပါ။ သြဂုတ်​ ၃ဝ ရက်​​နေ့ ​နေ့လယ်က မီး​သွေးလုပ်​ငန်းလုပ်​ကိုင်​သူ ဦးသိန်း​ဇော်​ “စက်ရုံရပ်​ကွက်​ AURORA လက်ဖက်​ရည်​ဆိုင်​မှာ မိတ်​​ဆွေ​တွေနဲ့ထိုင်​​နေချိန်​ ​ငွေ တစ်​သိန်း နှစ်​​သောင်းကျပ်​ အမြန်​လုပ်​​ပေး၊ မ​ပေးရင်​ ​ထောင်​ဆယ်​နှစ်​ချလို့ရတဲ့ ဥပ​ဒေနဲ့ တိုင်​မယ်​​ပြောတဲ့အတွက်​ ​ငွေ​ပေးလိုက်​ရတယ်​။ မိတ်​​ဆွေ​တွေက ပြည်​သူဝန်​ထမ်း မဟုတ်​​ကြောင်း အရပ်​ဘက်​ မှုခင်းသတင်း​ထောက်​များသာဖြစ်​​ကြောင်း ​ပြောပြတဲ့အတွက်​ ရဲစခန်​ကို လာ​ရောက်​တိုင်​ကြားလို့ အ​ရေးယူထားတာ" လို့ ဒီဗွီဘီကို​ပြောပါတယ်​။

အဆိုပါ ပြည့်သူ့ဝန်​ထမ်း အ​ယောင်​​ဆောင်​ပြီး ခြိမ်း​ခြောက်​​ငွေ​တောင်းသူ မြင့်အောင်​၊ ဝင်း​မောင်​ ​ခေါ် မင်းသားကြီး၊ ဝင်းကို၊ ဟန်​​အေး၊ သိန်း​ဇော်​တို့ ၅ ဦးကို ​အောင်​လံမြို့မရဲစခန်းမှာ ပြည်​သူ့ဝန်​ထမ်း အ​ယောင်​​ဆောင်​ကာ ခြိမ်း​ခြောက်​​ငွေ​တောင်းခံမှု ရာဇသတ်​ကြီးပုဒ်မ ၃၈၄/၁၇ဝ/၁၁၄ နဲ့ စက်​တင်​ဘာ ၆ရက်​ရက်​​နေ့ ညပိုင်းက အမှုဖွင့် အ​ရေးယူထားတာပါ။

 

ဝင်း​မောင်​ (ခ) မင်းသားကြီးနဲ့ ဟန်​​အေးတို့ကို ဖမ်းဆီးရမိပြီး ထွက်​​ပြေးတိမ်​​ရှောင်​​နေသူ ၃ ဦးကို ဖမ်​ဆီးရမိ​ရေး ကြိုးပမ်းနေပြီး အမှုကို ရဲအုပ်​ စန်း​အေးက စစ်​​ဆေး​ဆောင်​ရွက်​​နေတယ်​လို့သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013