DVB Logo
Home
မြန်မာသတင်း
ရင်​ခွင်မဲ့က​လေး ကာကွယ်​​စောင့်ရှောက်ရေးအသင်း ဖွဲ့စည်း​ရေးအတွက် ဆွေးနွေး
DVB
·
September 8, 2018
ရင်​ခွင်မဲ့က​လေး ကာကွယ်​​စောင့်ရှောက်ရေးအသင်း ဖွဲ့စည်း​ရေးအတွက် ဆွေးနွေး
Donate to DVB

ရင်​ခွင်မဲ့က​လေး ကာကွယ်​​စောင့်ရှောက်ရေး ဖွဲ့စည်း​ရေးဆိုင်​ရာေ​ဆွး​နွေးပွဲကို ​​ကျောက်​ဆည်မြို့မှာ ကျင်းပခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ ရင်ခွင်မဲ့ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ရိုင် ​ကျောက်​ဆည်​မြို့ ​ရွှေ​ဖောင်​​ဒေးရှင်းခန်းမမှာ ပြုလုပ်​ခဲ့တာပါ။

မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ ကွယ်​စောင့်​ရှောက်​​ရေးအသင်း ဒုတိယဥက္ကဋ္ဌ ​ဒေါက်​တာယုယု​မေက အသင်းဖြစ်​​ပေါ်လာပုံကို ရှင်းလင်းတင်​ပြခဲ့ပြီး မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီး​ကော်​မတီ ကျန်းမာရေးနဲ့ ဆပ်​ကော်​မတီတာဝန်ခံ ဒေါက်တာ​ဌေး​မောင်က အသင်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်​။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များအသင်းရဲ့ ဖွဲ့စည်းပုံနဲ့ စာအုပ်တွေ၊ သီချင်း​ခွေတွေ ​ပေးအပ်ပြီး တတ်​​ရောက်​လာသူတွေနဲ့ အပြန်​အလှန်​​ဆွေး​နွေးခဲ့ကြပြီး လူ ၁၂၆ ဦးကို အသင်းဝင်ကတ်တွေ ပေးအပ်ခဲ့ပါတယ်။

ဒေါက်​တာယုယု​မေက “အမျိုးသမီးငယ်​​တွေအ​နေနဲ့ ​ လိင်​ပိုင်းဆိုင်​ရာ​စော်​ကားခံရတဲ့အခါ ကျမတို့က ၅ ရက်​အတွင်း သိရင်​ ​ဆေးပြား​လေးတပြားပဲတိုက်​ပြီး အဲ့ဒီကိုယ်​ဝန်​ကို မ​ဆောင်​ရ​အောင် ​လုပ်​လို့ရပါတယ်​။ ဒါ​ပေမယ့် ဒီ​ဆေးပြားက ကိုယ်​ဝန်​ပျက်​ကျဖို့မဟုတ်​ဘူး၊ အမြဲတမ်း​သောက်​ လို့မရဘူး။ အဲ့ဒါ​တွေကိုသိ​စေဖို့အတွက်​ လိုအပ်​တဲ့ ​ဆွေး​နွေးမှု​တွေ ပညာ​ပေးမှု​တွေကို ကျမတို့ က လုပ်​​ဆောင်​​ပေးသွားမှာပါ။ ကျောက်​ဆည်​က သားဖွားမီးယပ်​ပါရဂူ​တွေနဲ့ လုပ်​​ပေး သွားပါမယ်။ ကျမတို့ မန္တ​လေးက အဖွဲ့တွေနဲ့​ဆောင်​ရွက်​​ပေးသွားမှာပါ ”လို့ ​ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013