DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးတွင် မသန်စွမ်းသူများအတွက် ဝှီးချဲများ လိုအပ်နေ
DVB
·
September 8, 2018
အင်းတော်ကြီးတွင် မသန်စွမ်းသူများအတွက် ဝှီးချဲများ လိုအပ်နေ
Donate to DVB

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မသန်စွမ်းသူတွေအတွက် ဝှီးချဲတွေ လိုအပ်နေတယ်လို့ မိုးညှင်းမြို့နယ် မနောမြေ မသန်စွမ်းသူများအဖွဲ့ ဘဏ္ဍာရေမှူး မဇင်မာခိုင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြိုင်ရွာကျေးရွာ မြိုင်ရွာကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ မိုးညှင်းမြို့နယ်အဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ခေါင်းဆောင် သင်တန်းအတွေ့အကြုံ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“ကျမတို့အဖွဲ့က ဝှီးချဲ ၃ စီး၊ ချိုင်းထောက်၊ ခွထောက် ၂ ချောင်း ပေးအပ်နိုင်ခဲ့တယ်။ လိုအပ်တာက ဝှီးချဲ ၁ဝ စီး၊ သုံးဘီးဆိုင်ကယ်အကြမ်း လိုနေပါတယ်။ အင်းတော်ကြီးဒေသမှာ အများဆုံးက ဒူးထောက်သွားတဲ့သူနဲ့ ငုတ်တုတ်ထိုင်ပြီးသွားတဲ့သူတွေရှိတယ်။ အခုမိုးတွင်းဆိုတော့ ရွှံ့ဗွက်တွေနဲ့ လမ်းကမကောင်းတော့ သွားလို့မရဘူး။ မိသားစုအတွက်လည်း အဆင်မပြေဘူး။ တံငါသည်ဖြစ်တဲ့အတွက် အဆင်မပြေဘူး။ ဒါကြောင့် အင်းတော်ကြီးဒေသအတွက် ဝှီးချဲတွေ အများကြီးလိုအပ်နေသေးတယ်” လို့ ဘဏ္ဍာရေးမှူးက ပြောပါတယ်။

မသန်စွမ်းသူတွေကို သတ်မှတ်ရာမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ဉာဏ်ရည်နိမ့်မသန်စွမ်းသူ ဆိုပြီး ၄ မျိုးခွဲထားကြောင်းသိရပါတယ်။

“ကျနော်တို့ မသန်စွမ်းသူအဖွဲ့ ရှိပေမယ့် ရုံးမြေနေရာ မရှိသေးဘူး။ အခမ်းအနားလုပ်ရင် တကယ်ခက်ခဲပါတယ်။ သူတို့လာရတာ ခရီးဝေးတော့ သူတို့ကို ခေါ်ဖို့/စုဖို့က တော်တော်ခက်ခဲတဲ့အလုပ်ပါ။ ရုံးမြေနေရာသက်ဆိုင်သူတွေထံ တောင်းဆိုထားတာရှိပေမယ့် ပြန်ကြားပြောဆိုတာမျိုး မရှိသေးပါဘူး” လို့ မနောမြေ မသန်စွမ်းသူများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ဒီဗွီဘီကို ပြောပါတယ်။

မိုးညှင်းမြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူ ၁၅၄ ဦးရှိပြီး အကူညီများစွာလိုအပ်နေကြာင်း သိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013