DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ ၃၀၀ ကျော်ကို အောင်လက်မှတ်ပေး
DVB
·
September 8, 2018
မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ ၃၀၀ ကျော်ကို အောင်လက်မှတ်ပေး
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်စားမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကျောင်းသား/သူ ၃၀၀ ကျော်ကို အောင်လက်မှတ်ပေးအပ်ခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားပညာရေးကော်မတီ (BMWEC) အဖွဲ့ဝင် ကျောင်းပေါင်း ၂၁ ကျောင်းက ကျောင်းသားကျောင်းသူ ၃၂၀ ကို ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ ဆာသူးလေကျောင်းခန်းမဆောင်မှာ အောင်လက်မှတ်အပ်နှင်းပေးအပ်ပွဲ ကျင်းပခဲ့တာပါ။

အဌမတန်းအဆင့်အောင်မြင်သူ ၉၃ ဦးနဲ့ စတုတ္ထတန်းအဆင့်အောင်မြင်သူ ၂၂၇ ဦးတို့ကို အောင်လက်မှတ်တွေ အသီးသီးအပ်နှင်းခဲ့တာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်း မဲဆောက်မြို့ အပါအ၀င် ဆက်စပ် ၄ မြို့နယ်အတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကလေးငယ် ၁၀၀၀၀ လောက်ရှိပါတယ်။

အရွယ်ရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရရှိကြတဲ့ မြန်မာကလေးငယ်အရေအတွက်ကလည်း ၁၀၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013