DVB Logo
Home
မြန်မာသတင်း
ရွှေသတ္တု တူးဖော်ခွင့်ပေးမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မည်ကို ရွှေကျင်ဒေသခံများ စိုးရိမ်
DVB
·
September 8, 2018
ရွှေသတ္တု တူးဖော်ခွင့်ပေးမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မည်ကို ရွှေကျင်ဒေသခံများ စိုးရိမ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ရွှေသတ္တု တူးဖော်ခွင့်ပေးသွားမှာနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ရွှေကျင်မြို့နယ်မှာ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေပြီး နောက်ထက်လုပ်ပိုင်ခွင့်တွေ ပေးသွားပါက ဆိုးရွားစွာထပ်ပြီး ပျက်စီးလာမှာကို စိုးရိမ်နေကြသလို အစိုးရအနေနဲ့ တရားဝင်ရွှေတူဖော်ခွင့်ပေးတဲ့နေရာမှာ ဒေသခံပြည်သူတွေကို အရင်ဆုံး အသိပေးချပြသင့်ပြီး ပြည်သူတွေရဲ့အသံကို နားထောင်သင့်တယ်လို့ သေခံတွေပြည်သူတွေက ပြောပါတယ်။

ပဲခူးတိုင်းအတွင်း မြို့နယ်သုံးမြို့နယ်မှာ ဧက ၁၆ဝဝဝ ကျော် ရွှေသတ္တုတူးဖော်ခွင့်ပေးသွားမှာဖြစ်ပြီး ကျောက်ကြီးမြို့နယ်မှာ ဧက ၄၄ဝဝ၊ ထန်တပင်မြို့နယ်မှာ ဧက ၂ဝ၆၆ နဲ့ ရွှေကျင်မြို့နယ်မှာ ဧက ၁ဝ၅ဝဝ တူးဖော်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

တူဖေါ်ခွင့်ပေးတဲ့နေရာမှာ ၁ ဧကအောက်ကို လက်လုပ်လက်စားလို့ သက်မှတ်ထားပြီး ၄ ဧကအောက်ကို အသေးစားနဲ့ ၄ ဧကကနေ ဧက ၂ဝ အထိ အလက်စား၊ ဧက ၂ဝ နဲ့ အထက်ကို လုပ်ငန်းရှင်ကြီးတွေဆိုပြီး အဆင့်လေးဆင့်ခွဲကာ လုပ်ကိုင်ခွင့်ပေးသွားမှာလည်းဖြစ်ပါတယ်။

သယံဇာတသစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာစောညိုဝင်းက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ထားပြီးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုင်ပျက်စီးအောင် မူလအတိုင်း ပြန်လည်လုပ်ဆောင်ရမယ်လို့ ဥပဒေတွေပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်လိမ့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွှေသတ္တုတူးဖော်ခွင့်ကို ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်ကာလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး နိုင်ငံတော်ကို ၁ ဧက ၁၅ သိန်းနှုန်း ၁ နှစ်စာအခွန် ပေးသွင်းရမှာဖြစ်ပါတယ်။ ၁ ဧကကနေ ၄ ဧကကို တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသွားမှာဖြစ်ပြီး ၄ ဧကနဲ့အထက်ကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

ရွှေသတ္တုတူးဖော်မယ့်သူတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးရုံးနဲ ရွှေကျင်မြို့အမှတ် ၂ သတ္တုတွင်း မန်နေဂျာတို့မှာ လျှောက်လွှာတွေကို ထုပ်ပေးနေပြီလို့လည်း သိရသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013