DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရန်လိုအပ်
DVB
·
September 7, 2018
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရန်လိုအပ်
Donate to DVB

ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်မှ ရည်မှန်းချက်ပန်းတိုင် ရောက်မယ်လို့ NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (NCA-S EAO UPDJC) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၂ ရက်တာ ကျင်းပနေပြီး NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ဒီကနေ့မနက် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။

“NCA စာချုပ်ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုတဲ့အတိုင်းပဲ၊ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အဆင့်ဆင့်မှာ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ အခင်းအကျင်း အနေအထား ဖန်တီးပေးဖို့ လိုပါတယ်။ အားလုံးပါမှပဲ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ချောချောမောမော ရောက်ရှိနိုင်မှာဖြစ်ပါတယ်။”

ဒီကနေ့ဆွေးနွေးပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများကိစ္စ၊ Centre for Humanitarian Dialogue (HD) က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့စပ်လျဉ်းပြီး တင်ပြခဲ့သလို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပေါ် NCA-S EAO UPDJC အတွင်း ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် NCA-S EAO UPDJC ရဲ့ အစီရင်ခံစာ၊ NCA နှစ်ပတ်လည်ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြည်ထောင်စုငြိမ်းချမ်းရေးဆွးနွေးမှု ပူးတွဲကော်မတီ (NCA-S EAO UPDJC) ရဲ့ ၂၆ ကြိမ်မြောက် အစည်းအဝေးဖြစ်ပါတယ်။

အစည်းအဝေးမှာ သဘာပတိများအဖြစ် NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း၊ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ NCA-S EAO UPDJC ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းတို့ ဆောင်ရွက်ခဲ့ပြီး NCA-S EAO UPDJC အဖွဲ့ဝင်တွေ စုံလင်စွာ တက်ရောက်ခဲ့ပါတယ်။

တပြိုင်တည်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ NCA-S EAO PPST ရဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ ၂ ခုရဲ့ သဘောတူချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013