DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 7, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
1 / 2
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၄၃၉၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ ၁ အိတ်ကို ၃၈၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၂၉၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂၉၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲဇီးကွက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၁၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ အိတ်ကို ၃၅၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၃၈၀၀၀ ကနေ ၁၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၈၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၄၂၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀  ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၅၇၀ ကျပ်ကနေ ၆၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၅၅၀ ကနေ ၇၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013