DVB Logo
Home
မြန်မာသတင်း
ခီမောင်နှံ ရိုက်ကူးမည့် ရုပ်ရှင်ကားကြီးနှင့် ဇာတ်လမ်းတွဲများအတွက် သရုပ်ဆောင်သစ် ခေါ်ယူ
DVB
·
September 7, 2018
ခီမောင်နှံ ရိုက်ကူးမည့် ရုပ်ရှင်ကားကြီးနှင့် ဇာတ်လမ်းတွဲများအတွက် သရုပ်ဆောင်သစ် ခေါ်ယူ
Donate to DVB

ခီမောင်နှံလို့ မြန်မာပရိသတ်တွေ သိကြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇဏ်ခီတို့ ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ကား ၂ ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ချင်တဲ့ သရုပ်ဆောင်သစ်တွေကို Central Base Productions ကနေ လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

အမျိုးသားသရုပ်ဆောင်နဲ့ အမျိုးသမီး သရုပ်ဆောင်တွေအနေနဲ့ အသက်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပြီး ကလေးသရုပ်ဆောင်ကိုတော့ အသက် ၈ နှစ်ကနေ ၁၃ နှစ်ကြား အပိုင်းအခြားကို ခေါ်ယူနေတာပါ။

၂၀၁၈/၂၀၁၉ ခုနှစ်အတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကား ၂ ကားကိုတော့ Now & Ever နဲ့ သီတာလို့ Central Base Productions ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ကြော်ငြာထားပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ လျှောက်လွှာကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီး Zayat Coworking Space, အမှတ် (76/A)၊ စက်မှု (၁) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉ ၉၇၄၅၄၇၆၇၃၊ ၀၉ ၇၉၂၂၃၄၄၁၂ တို့ဆီ ဆက်သွယ်ပေးပို့ရမှာပါ။

လျှောက်လွှာနဲ့အတူ လတ်တလော ရိုက်ကူးထားတဲ့ ပြင်ပရုပ်သွင်နဲ့ နီးစပ်မှုရှိတဲ့ (မျက်ကပ်မှန်ရောင်စုံ၊ မျက်တောင်တုတပ်ဆင်မထားတဲ့) မျက်နှာအလှ၊ ကိုယ်တပိုင်းနဲ့ တကိုယ်လုံးဓာတ်ပုံ ၃ ပုံ ပေးပို့ရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့ လာမယ့် စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ မနက် ၉း၃၀ နာရီမှ ၁၂း၃၀ နာရီအတွင်း လက်ခံသွားမှာဖြစ်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားတဲ့ လျှောက်လွှာတွေကိုပဲ လက်ခံစဉ်းစားပေးသွားမယ်လို့ ကြေညာထားပါတယ်။

လျှောက်လွှာတွေကိုတော့ အောက်မှာ ဖော်ပြပေးထားတဲ့ လင့်ခ်မှတဆင့် ဒေါင်းလုတ်ရယူနိုင်မှာ ဖြစ်ပါတယ်။

https://drive.google.com/file/d/14_oXV7bR3TAfwvZFsn_SQmRfS5yXhMzd/view

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013