DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားများ စားဝတ်နေရေး အခက်ကြုံ၍ အလှူခံထွက်
DVB
·
September 7, 2018
ဆန္ဒပြ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားများ စားဝတ်နေရေး အခက်ကြုံ၍ အလှူခံထွက်
Donate to DVB

သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်တာ ၁၈ ရက် ကြာမြင့်လာပြီဖြစ်တဲ့ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲကြောင့် လှည့်လည် အလှူခံနေရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဖုယွင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀ အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်သမား ၂၀၀ လောက်ဟာ သြဂုတ် ၂၁ ရက်နေ့ကစပြီး ဆန္ဒဖော်ထုတ်နေတာပါ။

လက်ရှိမှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်တာ ၁၈ ရက် ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲကြောင့် စက်တင်ဘာ ၇ ရက်နေ့ကစပြီး လှည့်လည် အလှူခံနေရပါတယ်။

အလုပ်သမား ၅၀ လောက်ဟာ စက်တင်ဘာ ၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်နဲ့ စက်တင်ဘာ ၇ ရက်နေ့က တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့ နယ်တို့မှာ အလှူခံခဲ့ပါတယ်။

အလုပ်သမား မသန္တာဆွေက “အလုပ်သမား ၃၀၀ လောက်အတွက် လက်ရှိမှာ တရက် ၈၀၀၀၀ နဲ့ ၁ သိန်းကြား ကုန်တယ်။ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အတော် အခက်ခဲရှိလာပါပြီ။ အဲဒါကြောင့် လှည့်လည်အလှူခံနေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖုယွင် အထည်ချုပ်စက်ရုံအနေနဲ့ အနည်းဆုံးအခကြေးငွေ တိုးမြှင့်လိုက်တာကြောင့် ကုန်ကျစရိတ်ပိုလာပြီး ကုန်ထုတ်လုပ်မှုက တိုးတက်မလာတာကြောင့် အခုလို လုပ်သားလျှော့ချဖို့ ဆုံးဖြတ်ရတာလို့ ကုမ္ပဏီဘက်က သြဂုတ် ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။

အငြင်းပွားမှုနဲ့ပတ်သက်ပြီး မြို့နယ်အလုပ်သမားရုံးမှာ အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရသေးပါဘူး။

အခုအလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၀ ဟာ စက်ရုံအလုပ်သမားသမဂ္ဂကို စတင်တည်ထောင်သူတွေ ဖြစ်ပြီး ဒီစက်ရုံမှာ အလုပ်သမား ၉၀၀ လောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013