DVB Logo
Home
မြန်မာသတင်း
တပ်မတော်အတွင်း ဒီမိုကရေစီရှိဟု သူရဦးရွှေမန်း ပြောကြား
DVB
·
September 7, 2018
တပ်မတော်အတွင်း ဒီမိုကရေစီရှိဟု သူရဦးရွှေမန်း ပြောကြား
Donate to DVB

တပ်မတော်ထဲမှာလည်း တပ်တွင်းဒီမိုကရေစီ ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ  သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီနေ့ အထူးအစီအစဉ်အဖြစ် 'စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့' ခေါင်းစဉ်နဲ့ စက်တင်ဘာ ၇ ရက် မနက်က နေပြည်တော် လွှတ်တော်ရေးရာ (အိုင်-၁၁) အဆောင်မှာ ဒီဗွီဘီ ဒီဘိတ်ရဲ့ အထူးအစီအစဉ်ဖြစ်တဲ့ ဒီဘိတ်အကယ်ဒမီ ဆွေးနွေးပွဲ ကျင်းပရာမှာ ပြောသွားတာ ဖြစ်ပါတယ်။

"တပ်မတော်မှာလည်း ဒီမိုကရေစီရှိတယ်၊ အဲဒီလိုပြောရင် တချို့ ယုံတမ်းစကားလို့တောင် ထင်ချင်ထင်ကြလိမ့်မယ်" လို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

“ကျနော်တို့ တပ်မတော်မှာ တန်းစီတိုင်း ပါဝင်တဲ့ ဟိုးအငယ်ဆုံး ရဲဘော်ကစပြီးတော့ တန်းစီမှာ သတင်းပို့ တင်ပြခွင့်ရှိတယ်။ ဒီတိုင်းပဲ တပ်မှာ တလတကြိမ် မပျက်မကွက် လုပ်ဆောင်ရတဲ့ (Durbar)၊ တနည်းအားဖြင့်ပြောရင် ဆန္ဒဖော်ထုတ်ပွဲရှိတယ်။ အဲလို ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်တဲ့အခါ မိမိရပိုင်ခွင့်တွေ တောင်းဆိုနိုင်တယ်၊ တင်ပြနိုင်တယ်၊ ဆွေးနွေးနိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ရှင်းလင်းဖြေကြားပေးနိုင်တယ်။ တကယ်လို့ သူ့ရပိုင်ခွင့်တွေ ပေးဖို့ကျန်တယ်ဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူက ပေးကိုပေးရတယ်။ ဒါ ဒီမိုကရေစီပဲ၊ တပ်ထဲမှာနေတုန်းက ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီလို ဒီမိုကရေစီ အလေ့အကျင့်များရှိခဲ့တဲ့ တပ်မတော်သားတယောက်အနေနဲ့ အခုလို စစ်ဘက်ကနေ ဒီမိုကရေစီ ဘာမှ မပါဝင်နိုင်စရာမရှိဘူး။ ဘာမှ အခက်အခဲမရှိဘူး။ ကျနော့်ကြည့်ပါ။”

ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘာအခက်အခဲတွေ ရှိနေလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် မြန်မာ့ဒီမိုကရေစီရေးအတွက် အတားအဆီးဖြစ်နေတဲ့ ကိစ္စတွေ  ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရမည်းသင်း နည်းပညာတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေက ကျောင်းသူကျောင်းသားတွေနဲ့ တခြားဖိတ်ကြားထားသူတွေ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013