DVB Logo
Home
မြန်မာသတင်း
ကျေးသီးမြို့နယ်တွင် ရေကြီးမှုကြောင့် ရွာ ၄ ရွာမှ စိုက်ခင်းများ ပျက်စီး
DVB
·
September 7, 2018
ကျေးသီးမြို့နယ်တွင် ရေကြီးမှုကြောင့် ရွာ ၄ ရွာမှ စိုက်ခင်းများ ပျက်စီး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစ ရေကြီးနေပြီး ရွာ ၄ ရွာရှိ စပါးခင်းနဲ့ ပြောင်းခင်း ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး ကျေးသီးမြို့ တောင်ဘက်မှာရှိတဲ့ နမ့်ဟင်ချောင်းရေတွေ ဈေးပိုင်းရပ်ကွက်ထဲ အရင်ဝင်လာကြောင်း၊ ရေက မနက်ပိုင်းမှာ စဝင်လာလို့ ပစ္စည်းတွေ ရွှေ့ပြောင်းချိန်ရပြီး အပျက်အစီးမရှိပေမယ့် မြို့ပြင်ဘက်က ကျေးရွာနဲ့ လမ်းပေါ်မှာတော့ လမ်းပိတ်ဆို့မှု၊ စိုက်ခင်းပျက်စီးမှုတွေ ရှိတယ်လို့ ကျေးသီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ထဲမှာ ရေက ၄ ရက်နေ့ကဝင်လာပြီး မနေ့ကတော့ ပြန်ကျသွားပြီ၊ နေအိမ် ၈ လုံးပါပဲ၊ ပစ္စည်းတွေ ရွှေ့ပြောင်းချိန်ရလို့ ဆုံးရှုံးမှုမရှိဘူး၊ ဒါပေမယ့် ဝမ်ဖိုင်းရွာက ကျေးသီးမိုင်းနောင်သွား ကားလမ်း အရှည် ၁ ဖာလုံလောက် ရေတွေပြည့်နေတယ်၊ သွားလာလို့မရဘူး။ မနေ့ကထိ ကျနော်သွားကြည့်တာ ရေက ခါးလောက်ထိရှိတုန်းပဲ။ လမ်းတံတားဌာနနဲ့ ခရိုင်အုပ်ချုပ်ရေးက လာပြီး ဘက်ဟိုးကားနဲ့ ရေလွှဲမြောင်းတွေ တူးနေပါတယ်။ မနက်ဖြန်တော့ ကားတွေပြန်သွားနိုင်မယ်ထင်တယ်။”

ဒါပေမယ့် နမ့်ဟင်ချောင်းစပ်တလျှောက်ရှိ ဝမ်ဖိုင်း၊ နားလွယ်၊ ကောင်းလန်း၊ ဝမ်ဖွီး စတဲ့ ရွာ ၄ ရွာမှာတော့ စပါးခင်းနဲ့ ပြောင်းခင်းတွေထဲ ရေတွေဝင်နေတာ ၄ ရက်လောက်ရှိပြီဖြစ်ကြောင်း၊ ကောက်ပဲသီးနှံပင်တို့ သဘာဝအရ အပင်တွေ ရေထဲမှာ လေးငါးရက်ကြာရင် ပျက်စီးမှာဖြစ်ပြီး ရွာအသီးသီးက ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ကောက်ယူဆဲမို့ အတိအကျ မသိရသေးဘူးလို့ စိုင်ရွှေသိန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013