DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်တွင် ကျောက်​မီး​သွေးတွင်းပေါက်​ကွဲ၍ ၃ ဦး​သေဆုံး၊ ၅ ဦး ပိတ်မိနေ (ဓာတ်ပုံ)
DVB
·
September 7, 2018
ဆောမြို့နယ်တွင် ကျောက်​မီး​သွေးတွင်းပေါက်​ကွဲ၍ ၃ ဦး​သေဆုံး၊ ၅ ဦး ပိတ်မိနေ (ဓာတ်ပုံ)
1 / 9
Donate to DVB

မ​ကွေးတိုင်းဒေသကြီး၊ ​ဆောမြို့နယ်​၊ ​ကျောက်​​မြောင်း​ကျေးရွာအနီးရှိ ထွန်းရာဇ​ ကျောက်​မီး​သွေးတူး​ဖော်​​ရေးကုမ္ပဏီမှာ စက်​တင်​ဘာ ၆ ရက်​​နေ့ မနက်က ​ကျောက်​မီး​သွေးတွင်း ​ပေါက်​ကွဲမှုဖြစ်​ပြီး လုပ်​သား ၃ ဦး​ သေဆုံးပြီး ၅ ဦး ပိတ်မိနေတယ်လို့ ​ဆောမြို့မရဲစခန်းက ပြောပါတယ်​။

ဆောမြို့မစခန်းမှူးက "​ကျောက်​မီး​​သွေးတူး​ဖော်​​ရေးလုပ်​ငန်းမှာ မနက်​ ၁၀ နာရီ​ကျော်​​လောက်​က သဘာဝဓာတ်​​ငွေ့နဲ့ ​အောက်​စီဂျင်​ထိ​တွေ့ပြီး ​ပေါက်​ကွဲမှုဖြစ်​တယ်​။ ၃ ဦး ​သေဆုံးပြီး ၁ ​ဦးက ဒဏ်​ရာရရှိကာ ​ဆေးရုံပို့ထားတယ်​။ အထဲမှာ​တော့ ​၅ ဦးကျန်​​သေးတယ်။ အောက်​စီဂျင်​ပြတ်​ပြီး ဆင်းဆယ်​လို့ မရ​သေးဘူးဖြစ်​​နေတယ်​။ ​ပေါက်​ကွဲမီးထွက်​ပြီး​ အောက်​ဆီဂျင်​ ပြတ်​သွားတာပါ။ ကယ်​ဆယ်​​ရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူ​တွေ ထပ်​မံဆယ်​ယူနိုင်​ဖို့ ကြိုးစား​နေကြပါတယ်​” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ကျောက်​မီး​သွေးကုမ္ပဏီ မန်​​နေဂျာ မင်းမင်​ဦးကို ​ပေါ့ဆမှု​ကြောင့် လူ​သေဆုံးမှု၊ အပြင်းအထန်​ နာကျင်​​စေမှု ရာဇသတ်​ကြီး ပုဒ်မ - ၃၀၄(က)/၃၃၈ နဲ့ ​ဆောမြို့မရဲစခန်းမှာ အမှုဖွင့် အ​ရေးယူထားတယ်​လို့ သိရပါတယ်​။

ဒီေ​န့မနက်​ပိုင်း ​နေပြည်​​တော်​က ကယ်​ဆယ်​​ရေးအဖွဲ့တွေ၊ တိုင်းအတွင်း ကယ်​ဆယ်​​ရေးအဖွဲ့​တွေ၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊ ​မြို့နယ်​တာဝန်ရှိသူတွေ ပိတ်မိနေသူတွေကို ဆယ်ယူဖို့ ဆောင်ရွက်နေတယ်လို့ ​ဆောမြို့မရဲစခန်းမှူးက​ ပြောပါတယ်​။

ပြီးခဲ့တဲ့​နှစ်​ကလည်း မ​ကွေးတိုင်း၊ ငဖဲမြို့နယ်​ ဟန်​ထက်​​ကျောက်​မီး​သွေးကုမ္ပဏီမှာ ​လေပိုက်​​ပေါက်​ပြီး တရုတ်​နိုင်​ငံသား ၂ ဦးနဲ့ မြန်​မာနိုင်​ငံသား ၇ ​ဦး ​သေဆုံးခဲ့တယ်​လို့ သိရပါတယ်​။

သတင်း၊ ဓာတ်ပုံ - မင်းထီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013