DVB Logo
Home
မြန်မာသတင်း
အီတူးထဒုက္ခသည်စခန်းတွင် ဒုတိယအကြိမ်ရေကြီး
DVB
·
September 6, 2018
အီတူးထဒုက္ခသည်စခန်းတွင် ဒုတိယအကြိမ်ရေကြီး
Donate to DVB

သံလွင်မြစ်ရေတက်မှုကြောင့် သံလွင်မြစ်ဘေးမှာ တည်ဆောက်ထားတဲ့ အီတူးထ ပြည်တွင်းဒုက္ခသည်စခန်းမှာ ဒုတိယကြိမ် ရေကြီးနစ်မြုပ်လို့ နေအိမ် ၁၅ လုံး ပြောင်းရွှေ့ခဲ့ရပြီး နေအိမ် ၁ လုံး ရေထဲမျောပါ ပျက်စီးသွားပါတယ်။

သံလွင်မြစ်ရေကြောင့် စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းကစပြီး ရေတရိပ်ရိပ် တက်လာတဲ့အတွက် လူနေအိမ်ခြေ ၁၅ အိမ် ရေလုံးဝနစ်မြုပ်လို့ ပြောင်းရွှေ့ခဲ့ရပြီး၊ ၁၃ အိမ်မှာလည်း မပြောင်းရွှေ့ရသေးပေမယ့် အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

ဒါ့အပြင် ဘော်ဒါဆောင် ၂ ဆောင်၊ စခန်းတွင်းဆေးရုံ၊ စခန်းအုပ်ချုပ်ရေးရုံးနဲ့ အမျိုးသမီး ရုံးတွေပါ ရေကြီးနစ်မြုပ်နေတယ်လို့ အီတူးထကရင်အမျိုးသမီးဥက္ကဋ္ဌ ဆရာမ ဆဲနေက ပြောပါ တယ်။

“အရင်တခေါက်ရေကြီးတုန်းက အခုလောက်မကြီးဘူး။ အခုတခေါက် ၅ ရက်နေ့ ရေပြန်တက်လာတာတာ။ ဒီနေ့က ရေပိုမြင့်တက်လာတဲ့အတွက်  နေအိမ်တွေ ရေတက်နစ်မြုပ် ကုန်တယ်။ အဲမှာ ၁ လုံး ရေထဲမျောပါသွားတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် အိမ် ၁၅ လုံးက မိသားစုတွေ ရွှေ့ပြောင်းနေရပြီး အန္တရာယ်ရှိတဲ့အိမ်က ၁၃ လုံးရှိတယ်။ ”

ဘော်ဒါဆောင်နဲ့ ဆေးရုံတွေပါ ရေကြီးနစ်မြုပ်တဲ့အတွက် ဘော်ဆောင်နေ ကျောင်းသူ ကျောင်းသားတွေနဲ့ လူနာတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းထားရတယ်လို့လည်း ပြောပါတယ်။

ရေကြီးမှုကြောင့် သွားလာမှုအဆင်ပြေတဲ့အတွက်လည်း ကျောင်းတွေပါ ပိတ်ထားရတ တယ်လို့လည်း ပြောပါတယ်။

ရေကြီးမှုကြောင့် ထိခိုက်သေဆုံးမှုမရှိပေမယ့် ပျက်စီးမှုတွေရှိတယ်လို့ ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆရာမဆဲနေက ပြောပါ တယ်။

အီတူးထ ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေ ၁၀ ကျော်နဲ့ ဘော်ဒါဆောင် ၂ ဆောင် ရေနစ်မြုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013