DVB Logo
Home
မြန်မာသတင်း
ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးတပ်ဖွဲ့ ပဋိပက္ခဖြစ်၊ ရေမဆေး ၃ ဦး ဒဏ်ရာရ
DVB
·
September 6, 2018
ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးတပ်ဖွဲ့ ပဋိပက္ခဖြစ်၊ ရေမဆေး ၃ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာနဲ့ မော်လကင်ကျေးရွာအနီးက ရတနာစမ်းရွှင် (ဝါ) ကျောက်စိမ်းသစ်ရွက် လုပ်ကွက်အတွင်းမှာ ရေမဆေးကျောက် ရှာဖွေ သူတွေနဲ့ လုပ်ကွက်လုံခြုံရေးတပ်ဖွဲ့တို့ ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့လို့ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လုပ်ကွက်အတွင်း ဝင်ရောက်ဖို့ ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ရာမှ ရေမဆေးသမား ၃ ဦးကို ဖားကန့် ဆေးရုံတင်ပို့ခဲ့ရတယ်လို့ နမ့်မှော်ကျေးရွာက ရေမဆေးရှာဖွေသူ ကိုမြင့်နိုင်က ပြောပါတယ်။

ဖားကန့်မြို့နယ် ဆရာဝန်ကြီးက “ဆေးရုံကို လူနား ၃ ယောက် ရောက်လာတာ ဟုတ်ပါတယ်။ တယောက်က မျက်လုံးနား ထိတယ်။ တယောက်က လက်၊ နောက်တယောက်က ပေါင်မှာထိတာပါ။ သေနတ်ဒဏ်ရာ ရလို့တော့လည်း ပြောလို့မရဘူးဗျ။ ဒဏ်ရာတွေကတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”

ဒီနေ့ မနက် ၉ နာရီကျော်လောက်က ရတနာစမ်းရွှင်ကုမ္ပဏီ မော်လကင် အောက်လုပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရရသူ ၃ ဦးရှိပြီး သေဆုံးသူ မရှိဘူးလို့လည်း အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အခင်းဖြစ်နေရာကိုရောက်ရှိနေတဲ့ ဆိုင်းအောင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ကိုမိုက်ကယ်က “ရေမဆေးတွေက သူတို့ကို ခွင့်ပြုတဲ့အချိန်မဟုတ်ဘဲ လုပ်ကွက်ထဲကိုဝင်လို့ ရဲက တားဆီးရင်း ဖြစ်ကြတာပါ။ ခုလိုပုံစံမျိုး ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကလည်း တခါဖြစ်ပြီးပါပြီ"လို့ ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုပ်ကွက် လုံခြုံရေး ရဲတပ်ဖွဲ့ကြား မကြာခဏဆိုသလို ပဋ္ဋိပက္ခဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ ခုနှစ် တနှစ်တည်းမှာ ပဋိပက္ခဖြစ်ပွားမှုကြောင့် ရေမဆေးလုပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း - ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013