
စစ်တောင်းမြစ်ရေသည် သြဂုတ် ၇ ရက် မွန်းတည့်ပိုင်း တိုင်းထွာချက်အရ ပဲခူးတိုင်း မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ဒဿမ ၂ ပေခန့်ထိ ကျော်လွန်နေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
နောက် ၃ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။
[caption id="attachment_28916" align="alignleft" width="300" caption="မဒေါက်မြို့တွင် ရေကြီးနေပုံ(Photo: Bo Tuck@icj)"]
[/caption]
မဒေါက်မြို့ ရေကြီးမှု အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံတဦးက “မဒေါက်နယ်ရော၊ ဟိုဘက်ကရွာတွေရော အကုန်မြှုပ်နေကြတယ်။ ကျမတို့နောက်ဖေးနားဆို စက်လှေစီးလို့ ရတယ်။ အကုန်မြှုပ်တာ။ ဒုက္ခသည်တွေကတော့ ဘုန်းကြီးကျောင်းတွေ မှာ နေကြတာပေါ့။ မဒေါက်အပြင် ရွှေကျင်မှာလည်း အကုန်မြှုပ်တယ်။ ညောင်လေးပင်နဲ့ မဒေါက်ကားလမ်းလည်း မြှုပ်နေတယ်။ ကားသေးတွေ သွားလို့မရဘူး” လို့ ပြောပါတယာ်။
ရေဘေးဒုက္ခသည်တွေအတွက် မဒေါက်မြို့က လူမှုရေးအဖွဲ့တွေက ဆန်နဲ့စားနပ်ရိက္ခာတွေ လာလှူကြတယ်လို့ ပြောပါတယ်။
မိုးဇလရဲ့မြစ်ရေကြီးခြင်း သတိပေးချက်ထဲမှာ ဧရာဝတီမြစ်ရေဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါး ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ၅ လက်မအထိ ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။











