DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ပြင် လယ်တောတွင် အမျိုးသမီးအလောင်း တွေ့
DVB
·
September 6, 2018
ကလေးမြို့ပြင် လယ်တောတွင် အမျိုးသမီးအလောင်း တွေ့
Donate to DVB

စက်တင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီလောက်က ကလေးမြို့နဲ့ ကလေးဝ လမ်းဘေး ကလေးမြို့ထွက် လယ်တောထဲမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးအလောင်းကို ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"လယ်တောက ကောင်လေးတယောက်က စခန်းကို သတင်းပေးတာ။ အဲ့မှာ စခန်းမှူး ကိုယ်တိုင် သက်သေတွေနဲ့ သွားကြည့်တော့ ပြင်ပဒဏ်ရာ မတွေ့ရဘဲ ပက်လက်အနေအထား ပုပ်ပွသေဆုံးနေတာကို ရဲတပ်ဖွဲ့တွေနဲ့ သယ်ပြီး ရင်ခွဲခန်း ပို့ခဲ့တယ်" လို့ နယ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်သား အောင်မြင့်ထွေးက ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ ၉ နေ မဝူငိုက်ကျင် ဆိုသူဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သက်လို့ ကလေးမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေး ဆောင်ရွက်နေပါတယ်။

"သေဆုံးသူက အရင်က ချင်းပြည်နယ်မှာ နေတာ။ ကလေးရောက်တာ ၂ ရက်ပဲ ရှိသေးတယ်။ ဂယောင်ချောက်ခြား လျှောက်သွားတတ်လို့လေ။ ခုလည်း ပြီးခဲ့တဲ့ ၁၁ ရက်လောက်ကတည်းက ပျောက်နေတာလို့ သိရပါတယ်" လို့ ကလေးမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သက်နိုင်ဦးက ပြောပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013