DVB Logo
Home
မြန်မာသတင်း
နမ္မတူ စစ်ဘေးရှောင်များအတွက် သောက်ရေသန့် အရေးပေါ်လိုအပ်နေ
DVB
·
September 6, 2018
နမ္မတူ စစ်ဘေးရှောင်များအတွက် သောက်ရေသန့် အရေးပေါ်လိုအပ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်က၊ မန်လီနဲ့ ပန်သပြေကျေးရွာက စစ်ဘေးရှောင်တွေအတွက် သောက်ရေသန့် လိုအပ်နေပါတယ်။

"ဒီမှာက စစ်ရှောင်လာတဲ့သူများတော့ သောက်ရေမလောက်တဲ့ ပြဿနာကြုံနေရတယ်" လို့ ပန်လုံကျေးရွာအုပ်စုကနေ စစ်ဘေးရှောင်လာတဲ့ နန်းအေးဟုမ်က ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ မန်လီနဲ့ ပန်သပြေကျေးရွာက ဘုန်းကြီးကျောင်းနဲ့ အစိုးရစာသင်ကျောင်းတွေမှာ ဖြစ်သလို နေထိုင်နေရလို့ အိပ်ယာခင်းနဲ့ စောင်တွေလည်း လိုအပ်နေပါတယ်။

"စစ်ဘေးရှောင်က အရမ်းများတော့ ဘုန်းကြီးကျောင်းနဲ့ နေရာမလောက်လို့ ရွာက ကျောင်းအုပ်ကို အကူညီတောင်းပြီး စာသင်ခန်းတွေနဲ့ ဝရံတာတွေမှာ ပေးအိပ်ထားရတယ်။ ထွက်ပြေးလာတဲ့အချိန်က ဘာမှယူလာလို့ မရဘူး။ ဒါ့ကြောင့် စောင်နဲ့ အခင်းတွေလည်း လိုနေတယ်"လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုအတွင်း တီအန်အယ်လ်အေ၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ ပူးပေါင်းအဖွဲ့နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ကြပါတယ်။

လက်ရှိအချိန်ထိ နှစ်ဘက်ထိတွေ့မှုတွေ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

သတင်း - ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013