DVB Logo
Home
မြန်မာသတင်း
ဇန်န၀ါရီမှ ယခုချိန်ထိ ဆန်ဈေး ၁၇၀၀၀ ကျပ်အထိ တက်လာ
DVB
·
September 5, 2018
ဇန်န၀ါရီမှ ယခုချိန်ထိ ဆန်ဈေး ၁၇၀၀၀ ကျပ်အထိ တက်လာ
Donate to DVB

ဆန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကနဲ့ ယှဉ်မယ်ဆိုရင် ၁၇၀၀၀ ကျပ်အထိ တက်လာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဧရာဝတီပေါ်ဆန်းတအိတ်ဟာ ဇန်နဝါရီလက တအိတ်ကို ၃၃၀၀၀ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီမှာ ၃၄၀၀၀ ကျပ်၊ မတ်နဲ့ ဧပြီမှာ ၃၈၀၀၀ ကျပ်၊ မေလမှာ ၄၀၀၀ ကျပ်၊ ဇွန်လမှာ ၄၂၀၀၀ ကျပ်၊ ဇူလိုင်လမှာ ၄၄၀၀၀ ကျပ်ဖြစ်ပြီး သြဂုတ်လမှာ ၅၀၀၀၀ ကျပ်အထိဖြစ်လာတာပါ။

ရွှေဘိုပေါ်ဆန်းကတော့ ဇန်နဝါရီလမှာ ၄၆၀၀၀ ကျပ်ကနေ ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီလတွေမှာ ၅၀၀၀၀ ကျပ်၊ မေလမှာ ၅၆၀၀၀ ကျပ်၊ ဇွန်လမှာ ၅၇၀၀၀ ကျပ်၊ ဇူလိုင်လမှာ ၅၅၀၀၀ ကျပ်ဖြစ်ခဲ့ပြီး သြဂုတ်လမှာတော့ ၆၂၀၀၀ ကျပ်အထိ မြင့်တက်သွားပါတယ်။

ဧည့်မထ ၅ မှတ် ဆန်တွေက ဇန်နဝါရီမှာ ၂၁၀၀၀ ကျပ်ဖြစ်ခဲ့ပြီး သြဂုတ်လမှာ ၂၃၅၀၀ ကျပ်၊ ၂၅ မှတ် ဆန်က ဇန်နဝါရီမှာ ၁၉၀၀၀ ကျပ်ကနေ သြဂုတ်လမှာ ၂၁၀၀၀ ကျပ်ဖြစ်လာပါတယ်။

ငစိန်ဆန်ကတော့ ဇန်နဝါရီမှာ ၁၉၃၀၀ ကျပ်ကနေ သြဂုတ်လမှာ ၂၂၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာတုန်းကတော့ ဧရာဝတီ ပေါ်ဆန်းတအိတ်ကို ၃၅၀၀၀ ကျပ်၊ ရွေဘိုပေါ်ဆန်းတအိတ်ကို ၄၃၅၀၀ ကျပ်၊ ဧည့်မထ ၅ မှတ် ဆန်တွေက ၁၆၈၀၀ ကျပ်၊ ၂၅ မှတ် ဆန်က ၁၅၅၀၀ ကျပ်၊ ငစိန်ဆန်က ၁၆၅၀၀ ကျပ်ဖြစ်ပါတယ်။

ပြည်ပပို့ ဈေးနှုန်းတွေမှာတော့ ပျမ်းမျှအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လကထက် ဈေးနှုန်းတွေ လျော့သွားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013