DVB Logo
Home
မြန်မာသတင်း
အသေးစားနှင့်အလတ်စားလုပ်ငန်းများကို ငွေကျပ်သန်း ၃၆၀၀၀ ခန့် ထုတ်ချေးမည်
DVB
·
September 5, 2018
အသေးစားနှင့်အလတ်စားလုပ်ငန်းများကို ငွေကျပ်သန်း ၃၆၀၀၀ ခန့် ထုတ်ချေးမည်
Donate to DVB

အခု စက်တင်ဘာလအတွင်းမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေကျပ် သန်းပေါင်း ၃၆၀၀၀ လောက် ချေးပေးသွားမယ်လို့ မြန်မာ့စီးပွားရေးဘဏ်က ကြေညာပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းဥပဒေနဲ့ အကျုံးဝင်တဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သား အခြေပြုလုပ်ငန်း၊ လက်လီနဲ့ လက်ကားရောင်းဝယ်ရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေဟာ အများဆုံး သိန်း ၅၀၀၀ အထိ ချေးယူနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ဂျပန်နိုင်ငံက ချေးငွေကို ထပ်ဆင့်ချေးပေးတာ ဖြစ်ပြီး စက်တင်ဘာလအတွင်းမှာ ကျပ်သန်းပေါင်း ၃၆၀၀၀ လောက်ကို ချေးသွားမှာ ဖြစ်ပါတယ်။

ချေးငွေအတွက် အတိုးက တနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး သက်တမ်း ၁ နှစ်အထက်ကနေ ၅ နှစ်အထိ ချေးယူနိုင်မှာ ဖြစ်ပါတယ်။

ချေးငွေမရနိုင်သူတွေကတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေချေးဖို့ အရည်အသွေးမပြည့်မီတဲ့ လယ်သမားတွေ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ၊ ဘဏ္ဍာရေးနဲ့ အာမခံလုပ်ငန်း၊ အဖိုးတန် သတ္တုရောင်းဝယ်ရေးလုပ်ငန်း၊ အရက်ဆိုင်တွေနဲ့ ပျော်ပွဲစားရုံတွေ၊ နိုင်ငံခြားခရီးသွားလုပ်ငန်းက လွဲလို့ ဖျော်ဖြေမှုနဲ့ တင်ဆက်မှု လုပ်ငန်းတွေ၊ လက်နက်ခဲယမ်း ထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။

ချေးငွေစီမံကိန်းအဆင့် ၁ မှာ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ သမဝါယမဘဏ်တို့မှာ လျှောက်ထားချေးယူနိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်း ဒုတိယအဆင့်အတွက်တော့ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နဲ့ ယူနိုက်တက် အမရဘဏ်တို့က တဆင့် လျှောက်ထား ချေးယူနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ကျပ်ငွေသန်းပေါင်း ၁၅၁၆၈၅ လောက် ချေး သွားမယ်လို့လည်း မြန်မာ့စီးပွားရေးဘဏ်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013