DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ရေတက်မှုကြောင့် ဖားဆောင်းမြို့နယ် ရေကြီးရေလျှံမှုဖြစ်
DVB
·
September 5, 2018
သံလွင်မြစ်ရေတက်မှုကြောင့် ဖားဆောင်းမြို့နယ် ရေကြီးရေလျှံမှုဖြစ်
Donate to DVB

သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကယားပြည်နယ် ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေ၀င်နစ်မြုပ်မှုဖြစ်ပွားနေပါတယ်။

သံလွင်မြစ်ရေဟာ မနေ့ညနေပိုင်းကစပြီး တရှိန်ထိုး ထိုးတက်လာတဲ့အတွက် လက်ရှိ ခဲမဖြူ ကျေးရွာနေရာတချို့မှာ ရေ၀င်နစ်မြုပ်တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး စောမူးသောက ပြောပါတယ်။

“မနေ့ညနေကမှ ရေက တရှိန်တိုး ထိုးတက်တာ။ ဒီမှာ မိုးအမြဲတမ်းကြီးတာ၊ သူတခါမှ မတက်တာ။ ဟိုအထက်ပိုင်းက မိုးကြီးလို့ဖြစ်မှာပေါ့။ စိုက်ခင်းတွေမြုပ်တယ်။ ခုနက အိမ်ခြေ ၄ လုံးက ရေတက်လာပြီးတော့ ကြမ်းပြင်ကို ထိမှာစိုးလို့ သူတို့ကို ရွှေ့ခိုင်းထားတယ်။ ပြီးတော့ တောင်ယာတဲတွေကတော့ လူမနေဘူး။”

ခဲမဖြူ ကျေးရွာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အခုလိုရေကြီးမှုဖြစ်ပွားခဲ့ဖူးပြီး ဒီထက်မက ရေကျော်မှု ဖြစ်ပွားခဲ့တယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လက်ရှိမှာလည်း သံလွင်မြစ်ရေဟာ ဆက်လက်မြင့်တက်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်ကလည်း သံလွင်မြစ်ရေ မြစ်တက်မှုကြောင့် ဖားဆောင်းမြိုနယ်အတွင်းက နေအိမ်တချို့နဲ့ စိုက်ခင်းတချို့ ပျက်စီးမှုရှိခဲ့ပြီး ပြည်နယ်အစိုးရ ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013