DVB Logo
Home
မြန်မာသတင်း
တိုးမြစ်ရေတိုက်စား၍ ကမ်းပြိုသဖြင့် ပန်းတနော်က ရွှေဖလားကျွန်းရွာလုံးကျွတ် ပြောင်းရွှေ့ရ
DVB
·
September 5, 2018
တိုးမြစ်ရေတိုက်စား၍ ကမ်းပြိုသဖြင့် ပန်းတနော်က ရွှေဖလားကျွန်းရွာလုံးကျွတ် ပြောင်းရွှေ့ရ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာဟာ တိုးမြစ်ရေ တိုက်စားပြီး ကမ်းပါးတွေပြိုကျတဲ့အတွက် ကျေးရွာလုံးကျွတ် ပြောင်းရွေ့ခဲ့ရပါတယ်။

ရွှေဖလားကျွန်းကျေးရွာမှာ ရှိတဲ့ အိမ်ခြေ ၂၈၀ ကျော်ဟာ ၂၀၁၅ ခုနှစ်က မိုးရာသီကစပြီး ကမ်းပါးပြိုတဲ့အထဲ ပါခဲ့တဲ့အိမ်ထောင်စုတွေ အစုလိုက်ပြောင်းရွေ့နေတာကနေ ၂၀၁၈ ဇွန်လက စပြီးကမ်းပါးပြိုမှု ပိုမိုများပြားလာတာကြောင့် နောက်ဆုံးလက်ကျန် ၁၀၅ အိမ်လည်း အစုလိုက်ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ရွာကနောက်ဆုံးလက်ကျန် အိမ်ထောင်စုအားလုံးအပြင် ရွာဦးမှာတည်ထား ကိုးကွယ်ထားတဲ့ ဉာဏ်တော် ၃၆ တောင် ၉ လက်မရှိတဲ့ ဇေယျသိဒ္ဓိ အောင်တော်မှုရွှေစေတီ လည်းကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့ပြီလို့ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက “ပြိုတဲအထဲပါတာ အိမ်တွေကကုန်နေပြီ ဘုရားကနောက်ဆုံး ပါသွားတာ ပြိုနေတာတော့ ဇွန်လကတည်းက တောက်လျှောက်ပြိုနေတာ အခုတော့ သူတို့နေရာတွေက သောင်ထွန်းမြေဆိုတော့ ရွှေဖလားကျွန်းကနေ ဘေးနားက မြစိမ်းကျွန်းပေါ် တရွာလုံးပြောင်းပြီးနေကြတယ်”လို့ ပြောပါတယ်။

ကမ်းပြိုတဲ့အထဲ ပါခါနီးဖျက်ခဲ့ရတဲ့ အိမ်တွေအားလုံးကိုတော့ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက တအိမ်ကို ၁ သိန်းကျပ်နှုန်းနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးအပြင် လူတစ်ဦးကို တစ်ပါတ်စာ ဆန်ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

စေတီတော်ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က “ဇေယျသိဒ္ဓိအောင်တော်မှု ရွှေစေတီလည်း ပြိုတဲ့အထဲပါသွားပြီလေဘုရားကြီးက ပြိုကျသွားပေမယ့် အရံစေတီတော် ၃ ဆူက ကျန်သေး တယ်။ ဧရာဝတီမြစ် လက်ခွဲတိုးမြစ် တိုက်စားတာကြောင့်ပါ”လို့ ပြောပါတယ်။

ဇေယျသိဒ္ဓိအောင်တော်မှု စေတီတော်ကိုတော့ ၁၉၉၅ ခုနှစ်မှာ စတည်ခဲ့တာဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ရွေဖလားကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ က ဦးစီးနာယကပြုပြီး ရွှေဖလားကျွန်း ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းတည်ထားကိုးကွယ်တဲ့ စေတီတဆူ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း - မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013