DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၂ သိန်းကျော်ရှိနေသည့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
September 5, 2018
ကြည့်ရှုသူ ၂ သိန်းကျော်ရှိနေသည့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
Donate to DVB

“မင်းပေးခဲ့တဲ့ အနမ်းတို့ ငါသိမ်းထား… လွမ်းတဲ့စိတ်က ငါ့မျက်ရည်များသာ… တိုး တိုးတိတ်တိတ် မင်းစွန့်ခွာထားသွား”

ဒါကတော့ မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မှော်ကျောက်စာအမည်ရတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးသီချင်းစာသားတွေပါ။

ဒီသီချင်းရဲ့ အမည်ကိုတော့ ကျေနပ်တယ်လို့ ပေးထားခဲ့ပြီး အဆိုတော် ကေကေမိုးက သီဆိုထားကာ တေးရေးဆရာ ဆလိုင်းက ရေးစပ်ပေးထားခဲ့တာပါ။

“ငါလေ သိပ်ချစ်ပါတယ်… ဝေးသွားပေမယ့်… ဆုံနိုင်ခွင့်လေးရှိမလား… လိုက်ရှာ လို့… ငါမယုံနိုင်အောင်… ရင်မှာ ခံစားရ”
လက်ရှိမှာတော့ ဒီရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာ နက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းကျော် နေခဲ့ပြီ ဖြစ်ပါတယ်။

Myanmar Media 7 က စီစဉ်တဲ့ ဒီရုပ်ရှင်ကားဟာ ရာဇ၀င်သမိုင်းနဲ့ ရှေးခေတ် ကားတကားအဖြစ် ပုံဖော်ဖန်တီးထားတာဖြစ်ကာ ဒါရိုက်တာ ၀င်းထွန်းထွန်းရဲ့ အနုပညာ ဖန်တီးမှုတွေနဲ့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

မှော်ကျောက်စာရုပ်ရှင်ကားထဲမှာတော့ အဓိကသရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ထွန်းထွန်း၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်၊ မေသန်း နုတို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ဇာတ်ဝင်တေးကို သီဆိုတဲ့ ကေကေမိုးဟာ ကျမသီချင်းနဲ့ ပရိသတ်တွေကြား ပိုမိုလူသိများလာခဲ့တာ ဖြစ်ပါတယ်။

“မင်း လမ်းတွေ့လို့… မခေါ်လည်း ရပါတယ်…. မင်း ပြုံးပြဖို့ အတော်လေး ခက်နေ တယ်… အဆင်ပြေသလို… ငါ့ရင်ထဲ… ထိန်းချုပ်ရင်း… ခေါင်းညိတ်နှုတ်ဆက်မယ်… မင်း လှည့်ကြည့်ဖို့ မ၀ံ့မရဲဖြစ်နေတယ်… မင်းဘေးက လူကြောင့် ဖြစ်ပါမယ်… မခံနိုင်အောင် ငါ့ရဲ့… ရင်တွေ ကွဲပါစေ… ငါ ကျေနပ်တယ်”

လှပနူးညံ့တဲ့ အဆွေးသီချင်းစာသားတွေနဲ့ ဒီသီချင်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုတော် ကေကေမိုးရဲ့ သီဆိုဟန်နဲ့အတူ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ပုံရိပ်တွေကိုပါ ပုံ ဖော်ရိုက်ကူးထားခဲ့တာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013