DVB Logo
Home
မြန်မာသတင်း
မိုင်းဝဆည်ရေလွှတ်မည်ဖြစ်၍ ဆည်အောက်ပိုင်းနေထိုင်သူများကို သတိပေး
DVB
·
September 5, 2018
မိုင်းဝဆည်ရေလွှတ်မည်ဖြစ်၍ ဆည်အောက်ပိုင်းနေထိုင်သူများကို သတိပေး
Donate to DVB

အထူးဒေသ ၄ မိုင်းလားဒေသမှာ မိုးရွာသွန်းမှုများတဲ့အတွက် နမ့်လွေချောင်းအတွင်း တည်ဆောက်ထားတဲ မိုင်းဝဆည်အတွင်းမှ ဆည်ရေလွှတ်မှာဖြစ်လို့ ချောင်းအောက်ပိုင်းတွင်း နေထိုင်သူများကို သတိဝီရိယနဲ့နေထိုင်ဖို့ မိုင်းလားအာဏာပိုင်တွေက အကြောင်းကြားထား ပါတယ်။

နမ့်လွေချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ မိုင်းဝ (ခ) ကျိုင်းခမ်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဆည်အတွင်း ရေပြည့်လျှံနေတဲ့အတွက် ဆည်ရေပိုလွှဲကနေ ရေလွှတ်မှာဖြစ်တဲ့အတွက် ချောင်းအနီးအနားနေထိုင်တဲ့ ဒေသခံ ပြည်သူတွေကို ညအိပ်ချိန် သတိနဲ့နေဖို့ သတိပေးထားတာလို့ မိုင်းယုမြို့ ပြန်ကြားရေးဦးစီးဌာနက ဦးကိုကိုနိုင်က ပြောပါတယ်။

"မိုင်းလားအာဏာပိုင်တွေက လှမ်းအကြောင်းကြားထားပါတယ်။ ချောင်းအောက်ပိုင်းမှာ နေတဲ့သူတွေကို သတိထားဖို့ ရေလွှတ်မယ့်နေ့ကိုတော့ ပြန်ပြီး အကြောင်းကြားပေးမယ်ပြောတယ်၊ အခုရက်ပိုင်း မိုးနေ့တိုင်းရွာနေလို့ ဆည်ရေပြည့်နေတယ်လို့ ပြောတယ်။"

နမ့်လွေချောင်းအောက်မှာ ကျေးရွာ ၈ ရွာလောက်နဲ့ လူဦးရေ ၂ ထောင် လောက် နေထိုင်ကြတယ်လို့ သိရပါတယ်။

နမ့်လွေချောင်းအောက်ပိုင်းမှာရှိတဲ့ မိုင်းယုမြို့နယ်အတွင်းက ချောင်းအနီးအနားမှာနေတဲ့ ဒေသခံတွေကိုလည်း သတိနဲ့နေထိုင်ဖို့ မိုင်းယုအုပ်ချုပ်ရေးမှူးက အကြောင်းထားတယ်လို့ သိရပါတယ်။

မိုင်းဝ (ခ) ကျိုင်းအား ရေအားလျှပ်စစ်စက်ရုံဟာ မိုင်းလား-မိုင်းယုလမ်းပိုင်းမှာရှိပြီး နမ်းလွေချောင်းဟာလည်း မဲခေါင်မြစ်အတွင်း စီးဝင်သွားတဲ့ ချောင်းဖြစ်ပါတယ်။

မိုင်းဝ ရေအားလျှပ်စစ်ရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်မှုဟာ ၆၆ မဂ္ဂါဝပ်ကျော်ရှိတဲ့အပြင် မိုင်းလားဒေသပိုင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတတ်က တရုတ်နည်းပညာနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

မိုင်းဝ ခ ရေအားပေးစက်ရုံဟာ အထူးဒေသ ၄ တစ်ခုလုံး လျှပ်စစ်ဓာတ်အားပေးထားတာဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းက ကျိုင်းတုံ၊ တာချီလိတ်ကိုလည်း လျှပ်စစ်မီးပေးနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရနဲ့ ဆွေးနွေးထားတာလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မဲခေါင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ဖို့ ၄ ပေလောက်သာ လိုတော့တယ်လို့ သိရပါတယ်။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မိုင်းဝဆည်ရေလွှတ်မည်ဖြစ်၍ ဆည်အောက်ပိုင်းနေထိုင်သူများကို သတိပေး