DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်အတွင်း အလောင်းတလောင်း ရေတာရှည်ဘက်မှ မျောလာ
DVB
·
September 5, 2018
စစ်တောင်းမြစ်အတွင်း အလောင်းတလောင်း ရေတာရှည်ဘက်မှ မျောလာ
Donate to DVB

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်​​က​ ​တောင်ငူမြို့နယ် ​အ​နောက်​ဆင်​​ကျေးရွာအုပ်​စု၊ ရွာတန်းရှည်​​ကျေးရွာအနီး စစ်​​တောင်းမြစ်​အတွင်း အမည်​မသိ အမျိုးသား ရုပ်​အ​လောင်းတလောင်း ​မြစ်​အထက်​ ​ရေတာရှည်​မြို့နယ်​ဘက်​က​ရေစီးနဲ့ မျောပါလာတယ်​လို့ ​တောင်ငူမြို့နယ် ​ကေတုမတီမြို့သစ်​ နယ်​​မြေရဲစခန်းက သိရပါတယ်။

ေ​သဆုံးသူ အမျိုးသားဟာ အရပ် ​၅ ​ပေ ၄ လက်မ၊ အသက် ​၂၅ နှစ်​ဝန်းကျင်​​လောက်​ရှိပြီး ကူညီစုံစမ်း​ပေးကြပါလို့ အဲဒီစခန်းမှူးရဲ့ ​ဖေ့စ်ဘွတ်​ခ်စာမျက်​နှာမှာ တင်​ထားတာကို တွေ့ရပါတယ်​။

သေဆုံးသူရဲ့ရုပ်​အ​လောင်းကို ​တောင်​ငူ​ဆေးရုံကြီးကို ပို့​ဆောင်​ထားပြီး ​ကေတုမတီ မြို့သစ်​နယ်​​မြေရဲစခန်းက ​သေမှု​သေခင်းအမှတ်​စဉ် ၃/၂၀၁၈ နဲ့ ဖွင့်လှစ်​ထားတယ်​လို့လည်း သိရပါတယ်​။

ဒီက​နေ့ မနက်​၁၀နာရီခွဲ တိုင်းတာချက်​အရ စစ်​​တောင်းမြစ်​​ရေဟာ ​တောင်​ငူမြို့မှာ စိုးရိမ်​​ရေအမှတ် ​၆၀၀ စင်​တီမီတာအထက်​ကို ပြန်​လည်​​ရောက်​ရှိ​နေတယ်​လို မိုး/ဇလက သတင်းထုတ်​ပြန်​ထားပါတယ်​။

အခုလို စိုးရိမ်​​ရေအမှတ်​အထက်​ကို ​ရောက်​ရှိတာဟာ ၃ လ အတွင်း တတိအကြိမ်​အဖြစ် ​ပြန်​လည်​​ရောက်​ရှိ​နေတာ ဖြစ်​ပါတယ်​။

သတင်း - သားကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013