DVB Logo
Home
မြန်မာသတင်း
လမ်းတံတားအသုံးပြုခွင့်ကတ်အတု အသုံးပြုသူများကို တည်ဆဲဥပဒေအရ အရေးယူမည်
DVB
·
September 5, 2018
လမ်းတံတားအသုံးပြုခွင့်ကတ်အတု အသုံးပြုသူများကို တည်ဆဲဥပဒေအရ အရေးယူမည်
Donate to DVB

လမ်းတံတား အသုံးပြုခွင့်ကတ်အတုတွေကို အွန်လိုင်းကနေ ရောင်းချတာတွေ ရှိနေပြီး အဲဒီအတု လက်ဝယ်ရှိနေသူတွေအနေနဲ့ အမြန်ဆုံးဖျက်ဆီးပစ်ကြဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

လမ်းတံတား တည်ဆောက်ပြုပြင်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လမ်းအဖွဲ့တွေ၊ တာဝန်ရှိသူတွေနဲ့ ဌာနအကြီးအကဲတွေအတွက် လမ်းတံတားအသုံးပြုခွင့်ကတ်တွေကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

အခုအခါ လမ်းတံတား အသုံးပြုခွင့်ကတ်တွေကို အတုပြုလုပ်ပြီး အွန်လိုင်းကတဆင့် ရောင်းချနေလို့ ကတ်တွေကို လုံခြုံရေးအဆင့်မြှင့်ထုတ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ကတ်မှာ QR Code ပြုလုပ်ထားပြီး ကတ်ရဲ့ ID နံပါတ်၊ ကတ်ထုတ်ယူသူနဲ့ မော်တော်ယာဉ်ရဲ့ အချက်အလက်တွေကို တပါတည်းထည့်သွင်းတာ၊ သက်တန့် အရောင်ပြေး အသားတံဆိပ်ရိုက်နှိပ်တာ၊ သာမန်မမြင်နိုင်တဲ့ မင်နဲ့ ဌာနတံဆိပ်ရိုက်နှိပ်တာနဲ့ ကတ်ရဲ့ နောက်ကျောနဲ့ အလယ်ပိုင်မှာ ရေစာထည့်တာတွေ လုပ်ထားတယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လမ်းတံတားအသုံးပြုခွင့်ကတ်အတု လက်ဝယ်ရှိသူတွေအနေနဲ့ ကတ်အတု တွေကို အမြန်ဆုံး ဖျက်ဆီးပစ်ဖို့၊ ဆက်လက်သုံးစွဲနေလို့ သက်ဆိုင်ရာ တိုးလ်ဂိတ်တွေမှာ စစ်ဆေးနည်းတမျိုးမျိုးနဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ရင် အသုံးပြုနေတဲ့ ကားနဲ့ သုံးစွဲသူကို နီးစပ်ရာ ရဲစခန်းကို ခေါ်ပြီး တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013