DVB Logo
Home
မြန်မာသတင်း
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
September 5, 2018
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
Donate to DVB

ဒီနေ့မနက် တိုင်းတာချက်အချက် မြို့ ၅ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

မြစ်ငယ်မြို့၊ တောင်ငူမြို့၊ မဒေါက်မြို့၊ ရွှေကျင်နဲ့ ဘားအံမြို့တို့ရဲ့ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတာပါ။

ဒုဋ္ဌ၀တီမြစ်ရေဟာ မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ် ၈၇၀ ကနေ ၈၈၆ စင်တီမီတာ၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ ကနေ ၆၂၄ စင်တီမီတာနဲ့ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ကနေ ၁၁၉၇ စင်တီမီတာ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ ကနေ ၇၀၁ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ ကနေ ၈၈၁ စင်တီမီတာအထိ အသီးသီး ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ မအူပင်နဲ့ ဘီးလင်းမြို့တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013