DVB Logo
Home
မြန်မာသတင်း
ကျိုင်းတောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ  
DVB
·
September 5, 2018
ကျိုင်းတောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ  
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့မှာ မနေ့မနက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ သေနတ်သမားတွေ ချောင်းမြောင်းပစ်ခတ်မှုခံရပြီး သေဆုံး သွားပါတယ်။

ကျိုင်းတောင်းမြို့  ရပ်ကွက် ၁ (ကွန်မုန့်အုပ်စု) အုပ်ချုပ်ရေးမှူး စိုင်းညွန့်စိန် ခေါ် စိုင်း ဇင့်လျန်း အသက် (၄၈ နှစ်) မှာ မနေ့မနက် ၆ နာရီကျော်က နေအိမ်အနီး ရေခပ်သွားစဉ်  လူ ၂ ဦးက ဆိုင်ကယ်စီးပြီး ၀င်ရောက်ပစ်ခတ်သွားတယ်လို့ တရပ်ကွက်တည်းနေ စိုင်းဆေက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့မနက် ၆ နာရီခွဲလောက်က အုပ်ချုပ်ရေးမှူးအပစ်ခံရတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြလို့ ကျနော်တို့လည်း သွားကြည့်တယ်။  ဒါပေမယ့် အလောင်းတော့ မတွေ့တော့ဘူး။ ရဲက ဆေးရုံကိုယူသွားပြီတဲ့၊ သူက ရေသွားခပ်နေတုန်း လူ ၂ ယောက် ဆိုင်ကယ်နဲ့ ရောက်လာ ပြီး သေနတ်နဲ့ပစ်တယ်လို့  သူတို့အိမ်ကပြောတယ်။ ပြီးတော့ ချက်ချင်းမောင်းပြေးသွားတယ်၊ အုပ်ချုပ်ရေးမှူးက သေနတ်ဒဏ်ရာ ၄ ချက်နဲ့ ပွဲချင်းပြီး သေတယ်”လို့ ပြောပါတယ်။

သေဆုံးသူ စိုင်းညွန့်စိန်မှာ ကျောင်းဆရာဟောင်းတဦးဖြစ်ပြီး ရပ်ရေးရွာရေး၊ ပရဟိတ လုပ်ငန်းတွေမှာ စေတနာပါပါနဲ့ တက်ကြွစွာဆောင်ရွက်နေသူဖြစ်ကြောင်း၊ လူချစ်လူခင်လည်း ပေါတဲ့အတွက် ဘယ်သူက ဘာအငြိုးနဲ့ ပစ်သွားတာလဲဆိုတာ ခန့်မှန်းလို့ မရဘူးလို့  စိုင်းဆေက ဆက်ပြောပါတယ်။

စိုင်းညွန့်စိန်မှာ ကွယ်လွန်ချိန် ဇနီး ၁ ယောက်နဲ့ သား ၂ ယောက် ကျန်ရစ်ပြီး သူ့ရဲ့ အလောင်းကို ဒီစက်တင်ဘာ ၆ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကျိုင်းတောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013